Friday, October 29, 2021

Who Initiated The Kissing Scenes in Indian Cinema (or) Hindi Cinema

Who Initiated The Kissing Scenes in Indian Cinema (or) Hindi Cinema

29/10/2021 

by @RKNATH




လောကကြီးမှာ အရာအားလုံး `ပထမဆုံး´ ဆိုတာ ရှိစမြဲပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာတစ်ခုဖြစ်စေ၊တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်စေ၊ တစ်မြို့နယ်လုံး (ဝါ) တစ်ရွာလုံးအတိုင်းအတာဖြစ်စေပေါ့။ ဆိုလိုချင်တာကတော့ ယခု ဘောလီးဝုဒ် (ဝါ) Hindi Cinema မှာ ဘယ်သူဟာ ဘောလီးဝုဒ်ရဲ့ပုံစံကို ရှေးဦးပထမသယ်ဆောင်ဖြန့်ကျက်ခဲ့သလဲ ဆိုတာပါ။ ကြားမိသိရှိသွားရင်တော့အန်းသွားမှာ မုချဧကန်ပါပဲ။ ၁၉၂၉နှစ်ပြည့်နှစ် အလွန်မှာထွက်ရှိခဲ့တဲ့ အသံတိတ်ရုပ်ရှင် (Silent Film) `A throw of Dice´အမည်ရှိတဲ့ရုပ်ရှင်ကားကြီးပါ။ ရုပ်ရှင်ဇာတ်လမ်းကိုနောက်ခံထားတာရော၊ဇာတ်လမ်းဇာတ်ကြောင်းကအစစိတ်၀င်စားစရာပါ။ ယခုခေတ်က သိပ္ပံခေတ်ဖြစ်တာကြောင့် သူ့နည်းသူ့ဟန်နဲ့သူ တိုးတက်နေသလို၊ ရှေးဟောင်းသဘောတရားရုပ်ရှင်တွေကိုလည်း အထင်မသေးစေလိုပါဘူး။ plot summary ကို ဆက်၍​ဖော်ပြောပြရမည်ဆိုလျှင်. . . လောင်းကစားလုပ်တဲ့ အကျင့်စွဲကပ်နေတဲ့ မဟာရာဇာဘုရင်ငယ်လေးနှစ်ပါးအကြောင်းပါ။ ရုပ်ရှင်ရဲ့အစမှာ ထိုဘုရင်ငယ်လေးနှစ်ပါး အမဲလိုက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ယောက်က King Sohan လို့အမည်ရတဲ့ ဘုရင်ငယ်လေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ King Ranjit လို့အမည်ရှိပါတယ်။ King Soha  ဟာ ယုတ်မာစဥ်းလဲတဲ့စိတ်ကိုဝှက်ထားပြီး နေထိုင်ကာ King Ranjit နဲ့အဆွေခင်ပွန်းအနေနဲ့ play ရတဲ့ ဇာတ်ကောင်ပါ။King Ranjit ကတော့ လူအယုံလွယ်တယ်၊ စိတ်ထားကောင်းတယ်။သို့ပေမယ့် လောင်းကစားကို နေ့မအိပ်ညမအိပ်လုပ်ရလောက်တဲ့အထိ ဆန္ဒအာသီသပြင်းထန်တဲ့ အကျင့်ဆိုးကြီးရှိသူတစ်ယောက်ဖြစ်ပါတယ်။

သူတို့အမဲလိုက်တဲ့တောအနီးအနားမှာနေထိုင်တဲ့သမားတော်ကြီးမှာသမီးလေးတစ်ယောက်ရှိပါတယ်။နာမည်ကတော့Sunitaလို့ခေါ်ပြီး သူမဟာဘုရင်ငယ်လေးRanjit နဲ့မေတ္တာမျှသွားမှာပါ။ အနောက်တိုင်းယဥ်ကျေးမှု လွှမ်းမိုးလာတာကိုအားပေးအားမြှောက်တဲ့အနေနဲ့မဆိုလိုပေမယ့်Sunitaနဲ့Ranjitတို့ဟာ `FIRST KISSING SCENE´ ကိုစတင်ထည့်သွင်းရိုက်ကူးခဲ့ကြတာပါ။ရုပ်ရှင်ဟာဒါကြောင့်ထူးခြားမှုအပြည့်ရှိသွားတယ်လို့ မပြောပါရစေနဲ့...။


`A Throw of Dice´ရုပ်ရှင်ဟာဂျာမန်လူမျိုးဒါရိုက်တာ Franz Osten ရိုက်ကူးထားတာဖြစ်ပြီးသူ့ရဲ့တတိယမြောက် masterpieceဆိုလဲမှန်ပါတယ်။ရုပ်ရှင်ထဲမှာလူပေါင်းမြောက်မြားစွာနဲ့တိရိစ္ဆာန်အမျိုးပေါင်းတော်တော်များများကို တွေ့ရမှာဖြစ်ပါတယ်။ဥပမာဆိုသော်ကျား၊မျောက်၊ဆင်၊ကုလားအုတ်၊မိကျောင်းစသဖြင့်...ဖြစ်ပြီးဆင်အကောင်ရေနဲ့တင်ငါးဆယ်လောက်သုံးထားပါတယ်။ရုပ်ရှင်ကိုတော့ အိန္ဒိယမြောက်ပိုင်းမှာရှိတဲ့Rajasthaဆိုတဲ့မြို့မှာရိုက်ကူးထားခဲ့တာပါ။သမိုင်း၀င်အဆောက်အအုံတွေနဲ့ပြည့်နှက်နေပြီး သဲကန္တာရလိုနေရာပါ။ နောက်ခံBackground Musicကတော့၂၀၀၇ခုနှစ်မှာ ပြန်လည်ထွက်ရှိထားခဲ့ပြီးအသစ်ပြန်လည်ပြုပြင်တီးခတ်ထားတာဖြစ်တာကြောင့်အထူးတလည်ပြောစရာမရှိပါဘူး။ ဒါက Hindi Cinemaရဲ့Featuring Kissing Scene ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဥရောပနိုင်ငံအနှံ့အပြားမှာတော့ လူစိတ်၀င်စားမှုအင်မတန်ရရှိခဲ့သလောက် India မှာတော့ ၀က်၀က်ကွဲရှုံးခဲ့တဲ့ ရုပ်ရှင်လဲဖြစ်ပါတယ်

CAST & CREW

• Seeta Devi as Sunita

Seeta Devi(stage name)ရဲ့အမည်အရင်း Reene Smith ဖြစ်ပြီး `The Light of Asia´ (Prem Sanya) ဆိုတဲ့ ဗုဒ္ဓဘုရားရှင်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားမှာ သူမကို casting လုပ်ရာကနေ Silent Fim စတားဖြစ်လာခဲ့ပါတယ်။ သူမဟာ အန်ဂလို-ကပြား (Anglo-Indian) ဆိုလည်းမမှားပါဘူး။ 

• Charu Roy as King Ranjit

Charu Roy ဟာ Bengali လူမျိုးဖြစ်ပြီး ပန်းချီဆရာ ကာတွန်းဆရာတစ်ယောက်ပါ။ ရုပ်ရှင်ထဲသိပ်ပါလေမရှိပေမယ့် သူရုပ်ရှင်လောကထဲကို Set Designer အဖြစ်၀င်ရောက်ခဲ့ပြီး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။

KISSING SCENE ကို ထည့်ထားတဲ့ရုပ်ရှင်ကားအကြောင်းကို ဆက်လက်မပြောပြခင် ဒီဆောင်းပါးရဲ့ခေါင်းစဥ်ကိုဖတ်မိသူတိုင်းဟာ အနည်းငယ်သော်လည်းကောင်း၊ တော်တော်ကြီးသော်လည်းကောင်း အန်းသွားလိမ့်မယ်လို့ ယုံကြည်မိပြီးသားပါ။ ခင်ဗျားတို့မှတင် မဟုတ်ပါဘူး ကျွန်တော်တို့လည်း စတင် မြင်ရ၊သိရ၊ကြားရတုန်းကလည်း အဲဒီလိုပါပဲ။ ဒီလို KISSING SCENE ကိုထည့်သွင်းရိုက်ကူးထားတဲ့ ခုနှစ်ကိုလည်းကြည့်မိပြီး ပိုပြီး အံ့အားသင့်ရပါတယ်။ ၁၉၃၃ခုနှစ်ဆိုတော့ မြန်မာပြည်မှာလည်း လွတ်လပ်ရေးမရသေးသလို၊ အိန္ဒိယပြည်မှာလည်း လွတ်လပ်ရေးအတွက် ကြိုးပမ်းနေဆဲကာလလည်းဖြစ်ပါတယ်။ ကဲ... ရုပ်ရှင်ကားအကြောင်းပြန်ဦးလှည့်ကြဦးစို့။ ၁၉၃၃ခုနှစ်ဆိုတော့ အသံတိတ်ရုပ်ရှင်လောကကနေ လောလောလတ်လတ်လွတ်မြောက်လာဆဲအချိန်လည်းဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အသံတိတ်ရုပ်ရှင် `မြဂနိုင်´ ဇာတ်ကားကြီးက တစ်နှစ်နောက်ကျပါတယ်။ သို့ပေမယ့်လည်း မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းအရဆိုရင်တော့ ၁၉၃၂ခုနှစ်မှာ `ငွေပေးလို့မရ´ ဆိုတဲ့  အသံထွက်ရုပ်ရှင်ကားကို ဘုံဘေမြို့မှာထုတ်လုပ်ခဲ့ကြတာပါ။ ထားပါလေ။ နောက်ထပ် Kissing Scene ကိုထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကတော့ `Karma´ အမည်ရှိရုပ်ရှင်ကားပဲဖြစ်ပါတယ်။ `Karma´ ဆိုတဲ့အဓိပ္ပာယ်ကတော့ ကံ၊ကြမ္မာဖြစ်ပြီး ရှေးဘ၀အဆက်ဆက်ပြုခဲ့တဲ့ အကြောင်းတရားတွေဟာ နောင်လာမယ့်ဘ၀၊ လက်ရှိမှာအကျိုးပေးအံ့လို့ဆိုလိုပါတယ်။ ကိုယ်ပြုသောကံ ကိုယ်ထံပြန်ပေါ့ဗျာ...။

ဇာတ်လမ်းဇာတ်ကြောင်းကိုပြောရမယ်ဆိုရင် Sitapur မြို့ကို အုပ်ချုပ်ပိုင်စိုးတဲ့ ဘုရင်မဟာ သူ့ရဲ့အိမ်နီးချင်းတိုင်းပြည် Jahanagar ကို ပိုင်စိုးတဲ့ဘုရင်နဲ့ မေတ္တာမျှနေကြပါတယ်။ Sitapur မြို့ဆိုတာ အခုဆို Lucknowမြို့မှာတည်ရှိပါတယ်။သားရှင်ဘက်က ဘုရင်မကို ခေတ်ရှေးပြေးလွန်းတယ် ဘာညာနဲ့ သိပ်သဘောမကျပါဘူး။ ရုပ်ရှင်ရဲ့အစကို သတိထားကြည့်လိုက်ရင် မင်းသားနဲ့မင်းသမီးလှေလေးလှော်နေတာကို ခပ်လှမ်းလှမ်းက ရိုက်ပြထားပြီး Hindi ဘာသာနဲ့ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ သီချင်းဆိုနေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ သူတို့နှစ်ယောက်ဟာ ကမ်းနားကကျောက်ဆောင်ကြီးနားမှာ ချောင်းပြီး တီးတိုးစကားပြောဆိုနေမယ်။ ဒါကို ဆုလာဘ်ရဖို့ ဘုရင်ကြီးဆီသွားအကြောင်းကြားတာတွေရှိမယ်။ မင်းသားက ရှဥ့်လေးကိုကြည့်ပြီး မင်းသမီးအပေါ်ထားတဲ့မေတ္တာကိုဖွင့်ပြောပြနေဟန်လေးတွေထည့်ထားတယ်။ 


ဘုရင်ကြီးကတော့ ဟိန္ဒူဘုန်းကြီး (Holy Man)လို့ခေါ်တဲ့သူကို​ ဒီလက်ထပ်ပွဲကိုသဘောမတူနိုင်ဘူးဆိုတာ ပြောပြနေတယ်။ ဒီလက်ထပ်ပွဲကနေရမယ့် အကျိုးအမြတ်ကိုမြင်တဲ့ Holy Man က ဘုရင်ကြီးကိုနားချတယ်။ ဘုရင်ကြီးက Sitapur ကို သိမ်းပိုက်အုပ်ချုပ်ဖို့အကြံအစည်နဲ့ သူတို့ကိုလက်ထပ်ဖို့သဘောတူလိုက်တယ်။ ဒီအကြံကို Sitapur က ပြည်သူတွေက ရိပ်မိတယ်။ ကြားထဲမှာ Twist & Turns လေးတွေနည်းနည်းထည့်ထားတယ်။ ရုပ်ရှင်ကြည့်ရင် သိရမှာပါပဲ။ နောက်ပိုင်းမှာ မင်းသားက အမဲလိုက်ထွက်တော့ ကျားကိုပစ်လိုက်ရင်း လူကိုထိသွားတော့ သူလာခဲ့တဲ့ဆင်ပေါ်မှာ အလောင်းထမ်းတင်ပေးပြီး လမ်းလျှောက်ပြန်လာခဲ့ရာ အပြန်လမ်းမှာ မြွေဟောက်ကိုက်ခံရပြီး အသက်ဘေးနဲ့ကြုံရပါတော့တယ်။ အဲဒီနောက် ဘာဆက်ဖြစ်မလဲဆိုတာဆက်ကြည့်ပါတော့လို့ပဲ ပြောပါရစေ။

Cast, Crew & Facts

`Karma´ ကို Indo-German-British သုံးနိုင်ငံပေါင်းပြီး ရိုက်ကူးထုတ်လုပ်ထားတာပါ။ Billingual Film အမျိုးအစားဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့အဓိကထား ရိုက်ကူး feature လုပ်ထားတာပါ။ Box-office အပိုင်းကိုပြောရရင်တော့ သူလည်း Indiaမှာ ဝက်ဝက်ကွဲရှုံးပါတယ်။ သို့ပေမယ့် London မှာတော့ ၁၉၃၃ခုနှစ် မေလမှာ အရင်ဆုံးရုံတင်ပြသခဲ့ရာ အင်္ဂလန်ပြည်သူများရဲ့စိတ်ဝင်စားမှုကို အများအပြားရရှိထားခဲ့ပါတယ်။ အထူးသဖြင့် ရှက်ရှက်နဲ့အရှိအတိုင်းပြောရရင် လေးမိနစ်စာ အနမ်းခြွေတဲ့အခန်းဟာ ယခု Bollywood ရဲ့ The Longest Kissing ဆိုပြီး စံချိန်တင်သွားခဲ့တာပါ။ 

Star Cast အပိုင်းမှာဆိုရင်တော့

• Devika Rani as The Maharani (Queen) of Sitapur
• Himanshu Rai as The Son of The Maharaja (king) of Jahanagar
• Holy Man as Abraham Sofaer

ဒီဇာတ်ကားဟာ မင်းသမီး Devika Rani ရဲ့ debut film လဲဖြစ်ပါတယ်။ သူမဟာ အရင်တုန်းကတည်းက Textile Designer နဲ့ Singing, Acting ပိုင်းတွေအကုန်လုံးကို London မှာ ထရိန်းလာခဲ့တာပါ။ မင်းသမီး Devika Rani  ရဲ့ခင်ပွန်းဖြစ်သူ Himanshu Rai ဟာ ဝတ်လုံဘွဲ့ယူဖို့ ဘိလပ်ကိုလာရင်း filmline ကို စိတ်ဝင်စားမှုပြင်းထန်တာကြောင့် film line ကို လေ့လာရာကနေ Actor, Producer တစ်ယောက်ဖြစ်လာခဲ့တာပါ။ ဒီရုပ်ရှင်ပြီးတော့ အိန္ဒိယမှာ `Bombay Talikes´ အမည်ရှိတဲ့ ကမ္ဘာအဆင့်မီ studio ကြီးတစ်ခုကို ထူထောင်ခဲ့ကြပါတယ်။ မြန်မာပြည်မှာဆိုရင် အေ၀မ်း ရုပ်ရှင်ကုမ္ပဏီတည်ထောင်တဲ့အချိန်နဲ့ မတိမ်းမယိမ်းလောက်ပါပဲ။ နောက်ထပ်ထူးခြားတဲ့ fact တစ်ခုကတော့ Holy Man နေရာမှာ play တဲ့သူဟာ Rangoon (Yangon)မြို့မှာ ၁၈၉၆မှာ မွေးဖွားခဲ့တာပါ။ နောက်မှ အင်္ဂလန်ကိုပြောင်းသွားပြီး Hollywood Film နဲ့ Television အပိုင်းတွေမှာ နေရာရခဲ့တာလဲဖြစ်ပါတယ်။ 

စာဖတ်သူတို့အနေနဲ့ First Initiated Kissing Scene ကို စတင်ခဲ့တဲ့သူတွေ ခုနှစ်အချိန်ကာလတွေကိုမြင်တွေ့ဖတ်ရှုလိုက်တော့ အတော်အံ့အားသင့်သွားကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါနဲ့ ကျွန်တော်တို့ Tanujaji အကြောင်း article ရေးတုန်းက မိတ်ဆက်ပေးခဲ့တဲ့ `Anubhav´ ဆိုတဲ့ရုပ်ရှင်ကို ကျွန်တော်တို့ချန်နယ်မှာ part 1 တင်ထားပေးပြီးပါပြီ။ မကြည့်ရသေးရင်သွားကြည့်လိုက်ကြပါီဦးနော်။ ဒီရုပ်ရှင်က ခင်ဗျားတို့ကို တမူထူးခြားတဲ့ vibe တစ်ခုပေးမှာအသေအချာပါပဲ။

[Zawgyi]


ေလာကႀကီးမွာ အရာအားလံုး `ပထမဆံုး´ ဆိုတာ ရိွစၿမဲပါ။ တစ္ကမ႓ာလံုးအတိုင္းအတာတစ္ခုျဖစ္ေစ၊တစ္ႏိုင္ငံလံုးအတိုင္းအတာျဖစ္ေစ၊ တစ္ၿမိဳ႔နယ္လံုး (ဝါ) တစ္ရြာလံုးအတိုင္းအတာျဖစ္ေစေပါ့။ ဆိုလိုခ်င္တာကေတာ့ ယခု ေဘာလီးဝုဒ္ (ဝါ) Hindi Cinema မွာ ဘယ္သူဟာ ေဘာလီးဝုဒ္ရဲ့ပံုစံကို ေရွးၪီးပထမသယ္ေဆာင္ျဖန္႔က်က္ခဲ့သလဲ ဆိုတာပါ။ ၾကားမိသိရိွသြားရင္ေတာ့အန္းသြားမွာ မုခ်ဧကန္ပါပဲ။ ၁၉၂၉ႏွစ္ျပည့္ႏွစ္ အလြန္မွာထြက္ရိွခဲ့တဲ့ အသံတိတ္ရုပ္ရွင္ (Silent Film) `A throw of Dice´အမည္ရိွတဲ့ရုပ္ရွင္ကားႀကီးပါ။ ရုပ္ရွင္ဇာတ္လမ္းကိုေနာက္ခံထားတာေရာ၊ဇာတ္လမ္းဇာတ္ေၾကာင္းကအစစိတ္၀င္စားစရာပါ။ ယခုေခတ္က သိပၸံေခတ္ျဖစ္တာေၾကာင့္ သူ႔နည္းသူ႔ဟန္နဲ႔သူ တိုးတက္ေနသလို၊ ေရွးေဟာင္းသေဘာတရားရုပ္ရွင္ေတြကိုလည္း အထင္မေသးေစလိုပါဘူး။ plot summary ကို ဆက္၍​ေဖာ္ေျပာျပရမည္ဆိုလ်ွင္. . . ေလာင္းကစားလုပ္တဲ့ အက်င့္စြဲကပ္ေနတဲ့ မဟာရာဇာဘုရင္ငယ္ေလးႏွစ္ပါးအေၾကာင္းပါ။ ရုပ္ရွင္ရဲ့အစမွာ ထိုဘုရင္ငယ္ေလးႏွစ္ပါး အမဲလိုက္ေနတာကို ေတြ့ရမွာျဖစ္ပါတယ္။ တစ္ေယာက္က King Sohan လို႔အမည္ရတဲ့ ဘုရင္ငယ္ေလးျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ King Ranjit လို႔အမည္ရိွပါတယ္။ King Soha  ဟာ ယုတ္မာစဥ္းလဲတဲ့စိတ္ကိုဝွက္ထားၿပီး ေနထိုင္ကာ King Ranjit နဲ႔အေဆြခင္ပြန္းအေနနဲ႔ play ရတဲ့ ဇာတ္ေကာင္ပါ။King Ranjit ကေတာ့ လူအယံုလြယ္တယ္၊ စိတ္ထားေကာင္းတယ္။သို႔ေပမယ့္ ေလာင္းကစားကို ေန့မအိပ္ညမအိပ္လုပ္ရေလာက္တဲ့အထိ ဆႏၵအာသီသျပင္းထန္တဲ့ အက်င့္ဆိုးႀကီးရိွသူတစ္ေယာက္ျဖစ္ပါတယ္။

သူတို႔အမဲလိုက္တဲ့ေတာအနီးအနားမွာေနထိုင္တဲ့သမားေတာ္ႀကီးမွာသမီးေလးတစ္ေယာက္ရိွပါတယ္။နာမည္ကေတာ့Sunitaလို႔ေခၚၿပီး သူမဟာဘုရင္ငယ္ေလးRanjit နဲ႔ေမတၲာမ်ွသြားမွာပါ။ အေနာက္တိုင္းယဥ္ေက်းမႈ လႊမ္းမိုးလာတာကိုအားေပးအားေျမႇာက္တဲ့အေနနဲ႔မဆိုလိုေပမယ့္Sunitaနဲ႔Ranjitတို႔ဟာ `FIRST KISSING SCENE´ ကိုစတင္ထည့္သြင္းရိုက္ကူးခဲ့ၾကတာပါ။ရုပ္ရွင္ဟာဒါေၾကာင့္ထူးျခားမႈအျပည့္ရိွသြားတယ္လို႔ မေျပာပါရေစနဲ႔...။




`A Throw of Dice´ရုပ္ရွင္ဟာဂ်ာမန္လူမ်ိဳးဒါရိုက္တာ Franz Osten ရိုက္ကူးထားတာျဖစ္ၿပီးသူ႔ရဲ့တတိယေျမာက္ masterpieceဆိုလဲမွန္ပါတယ္။ရုပ္ရွင္ထဲမွာလူေပါင္းေျမာက္ျမားစြာနဲ႔တိရိစၧာန္အမ်ိဳးေပါင္းေတာ္ေတာ္မ်ားမ်ားကို ေတြ့ရမွာျဖစ္ပါတယ္။ဥပမာဆိုေသာ္က်ား၊ေမ်ာက္၊ဆင္၊ကုလားအုတ္၊မိေက်ာင္းစသျဖင့္...ျဖစ္ၿပီးဆင္အေကာင္ေရနဲ႔တင္ငါးဆယ္ေလာက္သံုးထားပါတယ္။ရုပ္ရွင္ကိုေတာ့ အိႏၵိယေျမာက္ပိုင္းမွာရိွတဲ့Rajasthaဆိုတဲ့ၿမိဳ႔မွာရိုက္ကူးထားခဲ့တာပါ။သမိုင္း၀င္အေဆာက္အအံုေတြနဲ႔ျပည့္ႏွက္ေနၿပီး သဲကႏၲာရလိုေနရာပါ။ ေနာက္ခံBackground Musicကေတာ့၂၀၀၇ခုႏွစ္မွာ ျပန္လည္ထြက္ရိွထားခဲ့ၿပီးအသစ္ျပန္လည္ျပဳျပင္တီးခတ္ထားတာျဖစ္တာေၾကာင့္အထူးတလည္ေျပာစရာမရိွပါဘူး။ ဒါက Hindi Cinemaရဲ့Featuring Kissing Scene ရုပ္ရွင္ပဲျဖစ္ပါတယ္။ ဥေရာပႏိုင္ငံအႏွံ႔အျပားမွာေတာ့ လူစိတ္၀င္စားမႈအင္မတန္ရရိွခဲ့သေလာက္ India မွာေတာ့ ၀က္၀က္ကြဲရႈံးခဲ့တဲ့ ရုပ္ရွင္လဲျဖစ္ပါတယ္

CAST & CREW


• Seeta Devi as Sunita


Seeta Devi(stage name)ရဲ့အမည္အရင္း Reene Smith ျဖစ္ၿပီး `The Light of Asia´ (Prem Sanya) ဆိုတဲ့ ဗုဒၶဘုရားရွင္အေၾကာင္းရိုက္ကူးထားတဲ့ ဇာတ္ကားမွာ သူမကို casting လုပ္ရာကေန Silent Fim စတားျဖစ္လာခဲ့ပါတယ္။ သူမဟာ အန္ဂလို-ကျပား (Anglo-Indian) ဆိုလည္းမမွားပါဘူး။ 


• Charu Roy as King Ranjit


Charu Roy ဟာ Bengali လူမ်ိဳးျဖစ္ၿပီး ပန္းခ်ီဆရာ ကာတြန္းဆရာတစ္ေယာက္ပါ။ ရုပ္ရွင္ထဲသိပ္ပါေလမရိွေပမယ့္ သူရုပ္ရွင္ေလာကထဲကို Set Designer အျဖစ္၀င္ေရာက္ခဲ့ၿပီး ဒါရိုက္တာျဖစ္လာခဲ့ပါတယ္။


KISSING SCENE ကို ထည့္ထားတဲ့ရုပ္ရွင္ကားအေၾကာင္းကို ဆက္လက္မေျပာျပခင္ ဒီေဆာင္းပါးရဲ့ေခါင္းစဥ္ကိုဖတ္မိသူတိုင္းဟာ အနည္းငယ္ေသာ္လည္းေကာင္း၊ ေတာ္ေတာ္ႀကီးေသာ္လည္းေကာင္း အန္းသြားလိမ့္မယ္လို႔ ယံုၾကည္မိၿပီးသားပါ။ ခင္ဗ်ားတို႔မွတင္ မဟုတ္ပါဘူး ကြၽန္ေတာ္တို႔လည္း စတင္ ျမင္ရ၊သိရ၊ၾကားရတုန္းကလည္း အဲဒီလိုပါပဲ။ ဒီလို KISSING SCENE ကိုထည့္သြင္းရိုက္ကူးထားတဲ့ ခုႏွစ္ကိုလည္းၾကည့္မိၿပီး ပိုၿပီး အံ့အားသင့္ရပါတယ္။ ၁၉၃၃ခုႏွစ္ဆိုေတာ့ ျမန္မာျပည္မွာလည္း လြတ္လပ္ေရးမရေသးသလို၊ အိႏၵိယျပည္မွာလည္း လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းေနဆဲကာလလည္းျဖစ္ပါတယ္။ ကဲ... ရုပ္ရွင္ကားအေၾကာင္းျပန္ၪီးလွည့္ၾကၪီးစို႔။ ၁၉၃၃ခုႏွစ္ဆိုေတာ့ အသံတိတ္ရုပ္ရွင္ေလာကကေန ေလာေလာလတ္လတ္လြတ္ေျမာက္လာဆဲအခ်ိန္လည္းျဖစ္ပါတယ္။ ျမန္မာျပည္မွာေတာ့ အသံတိတ္ရုပ္ရွင္ `ျမဂႏိုင္´ ဇာတ္ကားႀကီးက တစ္ႏွစ္ေနာက္က်ပါတယ္။ သို႔ေပမယ့္လည္း ျမန္မာ့ရုပ္ရွင္သမိုင္းေၾကာင္းအရဆိုရင္ေတာ့ ၁၉၃၂ခုႏွစ္မွာ `ေငြေပးလို႔မရ´ ဆိုတဲ့  အသံထြက္ရုပ္ရွင္ကားကို ဘံုေဘၿမိဳ႔မွာထုတ္လုပ္ခဲ့ၾကတာပါ။ ထားပါေလ။ ေနာက္ထပ္ Kissing Scene ကိုထည့္သြင္းရိုက္ကူးထားတဲ့ ရုပ္ရွင္ကေတာ့ `Karma´ အမည္ရိွရုပ္ရွင္ကားပဲျဖစ္ပါတယ္။ `Karma´ ဆိုတဲ့အဓိပၸာယ္ကေတာ့ ကံ၊ၾကမၼာျဖစ္ၿပီး ေရွးဘ၀အဆက္ဆက္ျပဳခဲ့တဲ့ အေၾကာင္းတရားေတြဟာ ေနာင္လာမယ့္ဘ၀၊ လက္ရိွမွာအက်ိဳးေပးအံ့လို႔ဆိုလိုပါတယ္။ ကိုယ္ျပဳေသာကံ ကိုယ္ထံျပန္ေပါ့ဗ်ာ...။

ဇာတ္လမ္းဇာတ္ေၾကာင္းကိုေျပာရမယ္ဆိုရင္ Sitapur ၿမိဳ႔ကို အုပ္ခ်ဳပ္ပိုင္စိုးတဲ့ ဘုရင္မဟာ သူ႔ရဲ့အိမ္နီးခ်င္းတိုင္းျပည္ Jahanagar ကို ပိုင္စိုးတဲ့ဘုရင္နဲ႔ ေမတၲာမ်ွေနၾကပါတယ္။ Sitapur ၿမိဳ႔ဆိုတာ အခုဆို Lucknowၿမိဳ႔မွာတည္ရိွပါတယ္။သားရွင္ဘက္က ဘုရင္မကို ေခတ္ေရွးေျပးလြန္းတယ္ ဘာညာနဲ႔ သိပ္သေဘာမက်ပါဘူး။ ရုပ္ရွင္ရဲ့အစကို သတိထားၾကည့္လိုက္ရင္ မင္းသားနဲ႔မင္းသမီးေလွေလးေလွာ္ေနတာကို ခပ္လွမ္းလွမ္းက ရိုက္ျပထားၿပီး Hindi ဘာသာနဲ႔ အဂၤလိပ္ဘာသာႏွစ္မ်ိဳးနဲ႔ သီခ်င္းဆိုေနတာကိုေတြ့ရပါလိမ့္မယ္။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ ကမ္းနားကေက်ာက္ေဆာင္ႀကီးနားမွာ ေခ်ာင္းၿပီး တီးတိုးစကားေျပာဆိုေနမယ္။ ဒါကို ဆုလာဘ္ရဖို႔ ဘုရင္ႀကီးဆီသြားအေၾကာင္းၾကားတာေတြရိွမယ္။ မင္းသားက ရွဥ့္ေလးကိုၾကည့္ၿပီး မင္းသမီးအေပၚထားတဲ့ေမတၲာကိုဖြင့္ေျပာျပေနဟန္ေလးေတြထည့္ထားတယ္။ 

ဘုရင္ႀကီးကေတာ့ ဟိႏၵူဘုန္းႀကီး (Holy Man)လို႔ေခၚတဲ့သူကို​ ဒီလက္ထပ္ပြဲကိုသေဘာမတူႏိုင္ဘူးဆိုတာ ေျပာျပေနတယ္။ ဒီလက္ထပ္ပြဲကေနရမယ့္ အက်ိဳးအျမတ္ကိုျမင္တဲ့ Holy Man က ဘုရင္ႀကီးကိုနားခ်တယ္။ ဘုရင္ႀကီးက Sitapur ကို သိမ္းပိုက္အုပ္ခ်ဳပ္ဖို႔အႀကံအစည္နဲ႔ သူတို႔ကိုလက္ထပ္ဖို႔သေဘာတူလိုက္တယ္။ ဒီအႀကံကို Sitapur က ျပည္သူေတြက ရိပ္မိတယ္။ ၾကားထဲမွာ Twist & Turns ေလးေတြနည္းနည္းထည့္ထားတယ္။ ရုပ္ရွင္ၾကည့္ရင္ သိရမွာပါပဲ။ ေနာက္ပိုင္းမွာ မင္းသားက အမဲလိုက္ထြက္ေတာ့ က်ားကိုပစ္လိုက္ရင္း လူကိုထိသြားေတာ့ သူလာခဲ့တဲ့ဆင္ေပၚမွာ အေလာင္းထမ္းတင္ေပးၿပီး လမ္းေလ်ွာက္ျပန္လာခဲ့ရာ အျပန္လမ္းမွာ ေႁမြေဟာက္ကိုက္ခံရၿပီး အသက္ေဘးနဲ႔ႀကံဳရပါေတာ့တယ္။ အဲဒီေနာက္ ဘာဆက္ျဖစ္မလဲဆိုတာဆက္ၾကည့္ပါေတာ့လို႔ပဲ ေျပာပါရေစ။

Cast, Crew & Facts

`Karma´ ကို Indo-German-British သံုးႏိုင္ငံေပါင္းၿပီး ရိုက္ကူးထုတ္လုပ္ထားတာပါ။ Billingual Film အမ်ိဳးအစားျဖစ္ၿပီး အဂၤလိပ္ဘာသာနဲ႔အဓိကထား ရိုက္ကူး feature လုပ္ထားတာပါ။ Box-office အပိုင္းကိုေျပာရရင္ေတာ့ သူလည္း Indiaမွာ ဝက္ဝက္ကြဲရႈံးပါတယ္။ သို႔ေပမယ့္ London မွာေတာ့ ၁၉၃၃ခုႏွစ္ ေမလမွာ အရင္ဆံုးရံုတင္ျပသခဲ့ရာ အဂၤလန္ျပည္သူမ်ားရဲ့စိတ္ဝင္စားမႈကို အမ်ားအျပားရရိွထားခဲ့ပါတယ္။ အထူးသျဖင့္ ရွက္ရွက္နဲ႔အရိွအတိုင္းေျပာရရင္ ေလးမိနစ္စာ အနမ္းေႁခြတဲ့အခန္းဟာ ယခု Bollywood ရဲ့ The Longest Kissing ဆိုၿပီး စံခ်ိန္တင္သြားခဲ့တာပါ။ 

Star Cast အပိုင္းမွာဆိုရင္ေတာ့

• Devika Rani as The Maharani (Queen) of Sitapur

• Himanshu Rai as The Son of The Maharaja (king) of Jahanagar

• Holy Man as Abraham Sofaer

ဒီဇာတ္ကားဟာ မင္းသမီး Devika Rani ရဲ့ debut film လဲျဖစ္ပါတယ္။ သူမဟာ အရင္တုန္းကတည္းက Textile Designer နဲ႔ Singing, Acting ပိုင္းေတြအကုန္လံုးကို London မွာ ထရိန္းလာခဲ့တာပါ။ မင္းသမီး Devika Rani  ရဲ့ခင္ပြန္းျဖစ္သူ Himanshu Rai ဟာ ဝတ္လံုဘြဲ႔ယူဖို႔ ဘိလပ္ကိုလာရင္း filmline ကို စိတ္ဝင္စားမႈျပင္းထန္တာေၾကာင့္ film line ကို ေလ့လာရာကေန Actor, Producer တစ္ေယာက္ျဖစ္လာခဲ့တာပါ။ ဒီရုပ္ရွင္ၿပီးေတာ့ အိႏၵိယမွာ `Bombay Talikes´ အမည္ရိွတဲ့ ကမ႓ာအဆင့္မီ studio ႀကီးတစ္ခုကို ထူေထာင္ခဲ့ၾကပါတယ္။ ျမန္မာျပည္မွာဆိုရင္ ေအ၀မ္း ရုပ္ရွင္ကုမၸဏီတည္ေထာင္တဲ့အခ်ိန္နဲ႔ မတိမ္းမယိမ္းေလာက္ပါပဲ။ ေနာက္ထပ္ထူးျခားတဲ့ fact တစ္ခုကေတာ့ Holy Man ေနရာမွာ play တဲ့သူဟာ Rangoon (Yangon)ၿမိဳ႔မွာ ၁၈၉၆မွာ ေမြးဖြားခဲ့တာပါ။ ေနာက္မွ အဂၤလန္ကိုေျပာင္းသြားၿပီး Hollywood Film နဲ႔ Television အပိုင္းေတြမွာ ေနရာရခဲ့တာလဲျဖစ္ပါတယ္။ 

စာဖတ္သူတို႔အေနနဲ႔ First Initiated Kissing Scene ကို စတင္ခဲ့တဲ့သူေတြ ခုႏွစ္အခ်ိန္ကာလေတြကိုျမင္ေတြ့ဖတ္ရႈလိုက္ေတာ့ အေတာ္အံ့အားသင့္သြားၾကလိမ့္မယ္လို႔ထင္ပါတယ္။ ဒါနဲ႔ ကြၽန္ေတာ္တို႔ Tanujaji အေၾကာင္း article ေရးတုန္းက မိတ္ဆက္ေပးခဲ့တဲ့ `Anubhav´ ဆိုတဲ့ရုပ္ရွင္ကို ကြၽန္ေတာ္တို႔ခ်န္နယ္မွာ part 1 တင္ထားေပးၿပီးပါၿပီ။ မၾကည့္ရေသးရင္သြားၾကည့္လိုက္ၾကပီါၪီးေနာ္။ ဒီရုပ္ရွင္က ခင္ဗ်ားတို႔ကို တမူထူးျခားတဲ့ vibe တစ္ခုေပးမွာအေသအခ်ာပါပဲ။

Saturday, October 2, 2021

Happy 79th Birthday Asha Parekhji

 Happy 79th Birthday Asha Parekhji


Asha Parekh (The Hit Girl)

  ဒီနေ့မှာ ၇၉နှစ်ပြည့်သွားတဲ့ Hindi Cinema ရဲ့ The Hit Girl လို့တောင်တင်စားရတဲ့ မင်းသမီး Asha Parekh ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ Asha Parekh ကို ဒီတိုင်းပြည်မှာတော့ လူသိနည်းပါလိမ့်မယ်။ Asha ဟာ ၁၉၆၀ပြည့်နှစ်နဲ့ ၁၉၇၀ပြည့်နှစ်အတွင်းမှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ စတားတစ်ယောက်ပါ။ Asha ဟာ A great dancer တစ်ယောက်ဖြစ်ပြီး အိန္ဒိယရိုးရာအကတွေကို အင်မတန်ကျွမ်းကျင်တဲ့သူဆိုလည်း မမှားပါဘူး။ 


Asha Parekh ကို ၂ရက်နေ့ အောက်တိုဘာ ၁၉၄၂ခုနှစ်မှာ မွေးဖွားခဲ့ပြီး Gujarati လူမျိုးဖြစ်ပါတယ်။ အ​မေဖြစ်သူဟာ Bohra Muslim ဖြစ်ပြီး အဖေဖြစ်သူဟာ Hindu Gujarati လူမျိုးပါ။ သူမအသက် ၈နှစ်အရွယ်မှာ Indian Classical Dance Classes တွေကို အမေဖြစ်သူကိုယ်တိုင်က စာရင်းသွင်းပြီး သင်ယူစေခဲ့ပါတယ်။ ရိုးရာအကလို့ဆိုရင် ဥပမာပြောရရင် Kathak, Folk, Odissi တို့ကို​ဆိုလိုတာပါ။ ခြေထောက်မှာ Anklet (ခြေချင်း)အကြီးကြီးမှာ ခြူးခေါင်းလောင်းတွေတပ်ထားတာကို ၀တ်ဆင်ပြီး ရာမဇာတ်တော်တို့ကိုကပြဖျော်ဖြေရတာဖြစ်ပါတယ်။ ကဲ Asha Parekh အကြောင်းပြန်သွားကြစို့။


တနေ့မှာ Asha ဟာ ပွဲတစ်ခုမှာ ကပြဖျော်ဖြေရင်း နာမည်ကြီး ၀ါရင့်ဒါရိုက်တာ Bimal Roy ဟာ သူမရဲ့ talent ကိုတွေ့ရှိသွားပြီး Hindi Cinema ထဲ၀င်ရောက်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီနောက်ပိုင်း Bimal Roy ရိုက်ကူးတဲ့ Maa (1952) နဲ့ Baap Beti (1954) ကားတွေမှာ ကလေးသရုပ်ဆောင် Baby Asha Parekh အနေနဲ့စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါ့အပြင် တခြားရုပ်ရှင်တွေမှာလည်းပါ၀င်နေခဲ့ရလို့ ကျောင်းတောင်ဆက်မတက်ခဲ့ရပါဘူး။ ဒီလိုနဲ့ သူမ ၁၆နှစ်အရွယ်ရောက်လာတော့ မင်းသမီးလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီး နာမည်ကြီးဒါရိုက်တာ Vijay Bhatt ရဲ့ Goonj Uthi Shehnai (1959) ဆိုတဲ့ကားမှာ မင်းသမီးအဖြစ်ပထမဆုံးပွဲဦးထွက်ဖို့ ဖြစ်လာခဲ့ပေမယ့် သူမဟာပယ်ချခံခဲ့ရပါတယ်။



မကြာမီ Filmi Stan စတူဒီယို တည်ထောင်သူ Sashadhar Mukherjee ကထုတ်လုပ်ပြီး Nasir Hussain (Aamir Khan's uncle) က ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာအဖြစ်တာ၀န်ယူထားတဲ့ Dil Deke Dekho (1959) မှာ Shammi Kapoor နဲ့တွဲဖက်ကာ မင်းသမီးအဖြစ်ရိုက်ကူးခွင့်ရပြီး တခါတည်းနေ့ချင်းညချင်း စတားဖြစ်လာပါတော့တယ်။ အဲဒီကနေစပြီး ရုပ်ရှင်တွေတောက်လျှောက်ရိုက်ကူးခဲ့ပြီး Nasir Hussain နဲ့ collabration ဖြစ်တဲ့ရုပ်ရှင် ၆ကားစလုံး Box-Office အပိုင်းမှာ အများကြီးအောင်ပွဲခံခဲ့တာချည်းပါပဲ။ ၁၉၆၀နဲ့ ၁၉၇၀ပြည့်လုပြည့်တင်းအချိန်အတွင်းမှာ Asha အတွက်တော့ အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေချည်းပါပဲ။ ဒီတော့ Asha Parekh အတွက်သူ့ era သီးသန့်တည်ရှိနေခဲ့ပြီး Highest Paid actress တစ်ယောက်လို့ပြောလဲမမှားပါဘူး။




Highest Paid actress တစ်ယောက်လို့ပြောလဲမမှားပါဘူး။ Asha Parekh ရဲ့ အနုပညာခရီးလမ်းတစ်လျှောက်မှာ Joy Mukherjee, Shammi Kapoor, Dharmendra (ဒီမှာတော့ Sholay မင်းသားအနေနဲ့သိကြပါတယ်) Rajesh Khanna, Manoj Kumar တို့လို huge star တွေနဲ့တွဲဖက်လုပ်ကိုင်ခဲ့တာပါ။ နောက်ပြီး မင်းသား Joy Mukherjee နဲ့ ရုပ်ရှင်ဖြစ်တဲ့ Love In Tokyo ဟာလည်း တကယ့်နာမည်ကြီးရုပ်ရှင်ဖြစ်ပြီး အဲဒီကားထဲက ဇာတ်၀င်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Sayonara Sayonara ဆိုတဲ့သီချင်းဟာလည်း အခုထိတိုင် ရေပန်းစားနေတုန်းဆိုလည်းမမှားပါဘူး။


Asha Parekh ရဲ့ career အစမှာ Shammi Kapoor နဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပြီး သူမရဲ့လက်ဦးဆရာဆိုလည်းဖြစ်ပါတယ်။ သူမကို သရုပ်ဆောင်တတ်ဖို့ ဘယ်နေရာမှာ ဘယ်လိုဟန်လေးတွေထည့်ရင်အဆင်ပြေမယ် သီချင်းနဲ့ပါးစပ်နဲ့ကွက်တိကျအောင်ဘယ်လိုလှုပ်မလဲ တနည်းအားဖြင့် lip-syncing စသဖြင့်သူမကို သင်ကြားပြသပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ 


လူတစ်ယောက်ရဲ့ဘ၀မှာ တက်ချိန်လည်းရှိသလို ကျချိန်လဲရှိပါတယ်။ ၁၉၇၄နောက်ပိုင်းမှာ Asha Parekh ရဲ့ career ကျချိန်ဖြစ်လာပါတော့တယ်။ အသက်အရွယ်အားဖြင့် ၃၀ဆယ်လောက်သာ ရှိသေးပေမယ့် အဲဒီခေတ်သဘောသဘာ၀အရ heroine အဖြစ် လက်မခံကြတော့ပါဘူး။ ၁၉၇၈အလွန် ၁၉၈၀ခုနှစ်မှာဆို supporting role အဖြစ် အစ်မ၊အမေ၊အဘွား role တွေအထိရောက်သွားခဲ့ပါတယ်။ အမီတာဘဂျမ်းရုပ်ရှင်တွေမှာဆိုရင်(၁၉၇၈အလွန်) အစ်မနေရာကနေပါ၀င်လေ့ရှိပါတယ်။ နောက်တော့ ၁၉၉၀ခုနှစ်လောက်မှာ သရုပ်ဆောင်ဘ၀ကနေ အနားယူပြီး ရုပ်သံစီးရီးဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုတည်ထောင်ပြီး စီးရီးတွေထုတ်ခဲ့ပါသေးတယ်။





Asha ဟာ Central Board of Film Certification မှာပထမဆုံး အမျိုးသမီးဥက္ကဌဖြစ်လာခဲ့ပါတယ်။ Asha ဟာ ၁၉၇၁ခုနှစ်မှာ Filmfare ဆုကိုဆွန်ခူးခဲ့ပြီး ၂၀၀၂မှာ Filmfare Lifetime Achievement ဆုကိုပါရရှိထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အခြားအခြားဆုတွေကိုပါဆွတ်ခူးရရှိထားပါတယ်။
 Asha Parekh ရဲ့ဘ၀မှာ တစ်ခါမှ အိမ်ထောင်မပြုရသေးပေမယ့် ဒါရိုက်တာ Nasir Hussian နဲ့ မေတ္တာရှိဖူးခဲ့ပြီး လက်ထပ်တဲ့အထိမဖြစ်ခဲ့ပါဘူး။ အကြောင်းကတော့ Nasir Hussain ဟာ အိမ်ထောင်ရှိတဲ့လူဖြစ်နေလို့ပါပဲ။ Asha ရဲ့ အင်တာဗျုးတစ်ခုမှာ ' ပြောရရင်တော့ ကျွန်၀န်ခံပါတယ်။ ကျွန်မဘ၀မှာ မေတ္တာရှိခဲ့ဖူးတာက ဒါရိုက်တာ Nasir Hussain ဖြစ်ပေမယ့် ကျွန်မလက်ထပ်ဖို့မရည်ရွယ်ခဲ့ပါဘူး။ သူတစ်ပါးအိမ်ထောင်ရေး ပျက်ပြားသွားမှာကို မလိုလားပါဘူး' လို့ဖြေထားပါတယ်။ 


Asha အတွက် ' The Hit Girl ' အမည်ရှိစာအုပ်တစ်အုပ်ထွက်ထားပြီး author ကတော့ Khalid Mohammed ဆိုတဲ့ Journalist တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမကိုဂုဏ်ပြုသောအားဖြင့် Asha Parekh Hospital ဆိုပြီးရှိပါတယ်။ သူမဟာ Dance Academy ကိုလည်းဦးစီးနေပြီး Mumbai မြို့မှာ အခုထိသက်ရှိထင်ရှား living legend တစ်ယောက်အဖြစ် တည်ရှိနေတုန်းပါပဲ။

 Hai Apna Dil Toh Awaara (သို.မၽဟုတ်) ကျွန်တော်သၽတိပြုမိတဲ့ သီချင်းလေးတစ်ပုဒ်     ပဏာမပြောချင်တာက. . .  Hindi Cinema မှာ ဘယ်ခေတ်ပဲဖြစ်ဖြစ် ဟ...