Thursday, September 9, 2021

Happy Birthday Asha Bhosle

 Happy Birthday Ashaji 

8/9/2021


ဒီကနေ့မှာကျရောက်တဲ့မွေးနေ့ရှင်ကတော့ India ရဲ့ Melody Queen ဖြစ်တဲ့ Asha Bhosle ပဲဖြစ်ပါတယ်။ Asha ဟာ တကမ္ဘာလုံးအတိုင်းအတာက 'Most Recorded Singer' အဖြစ် သတ်မှတ်ခံထားရသူပါ။ Asha ဟာ Indian Film Industry မှာကျင်လည်နေတာ နှစ်ပေါင်း ၇၀ကျော်ရှိ နေပါပြီ။





သူ့အသံက မြူးကြွတယ်၊ ဆွဲယူညို့ငင်နိုင်တယ်၊ ဟန်ပန်သွက်လက်တယ်၊ ခေတ်ရှေ့ပြေးတယ်။ သူ့ဘဝမှာ Music Type ပေါင်းများစွာကိုတွေ့ကြုံလာခဲ့ပြီးဖြစ်တယ်။ သူ့ရဲ့ Career က Black & White ခေတ် 1940 အလယ်လောက်ကစခဲ့တာဆိုတော့ အဖြူအမည်းခေတ်က ခေတ်စားခဲ့တဲ့ Waltz (စုံတွဲအကနဲ့ ငြိမ့်ညောင်းတဲ့ဟန်) နောက် Latin music စသဖြင့် type ပေါင်းစုံ နေပါတော့တယ်။ သူ့ရဲ့ အဆိုဟန်ကတော့ အံ့မခန်းပါပဲ။ အသံကိုခါနိုင်တယ် တုန်နိုင်တယ် စသဖြင့်ပေါ့ Madhubala picturise လုပ်တဲ့ Aaiye Meharban ဆိုတဲ့သီချင်းမှာ Asha ရဲ့သီဆိုဟန်ကိုနားထောင်ကြည့်မယ်ဆိုရင် ခင်ဗျားတို့လုံး၀ Levitated ဖြစ်သွားမှာပါ။  



Asha ဟာ Western Music type တွေကိုပိုင်ပိုင်နိုင်ဆိုနိုင်တဲ့အပြင် Indian Classical Type မှာလည်း အကျွမ်းတ၀င်ရှိပြီး လုံးဝအပိုအလိုမရှိ သီဆိုနိုင်ပါတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် ရုပ်ရှင်တကားအတွက်သီချင်းလုပ်ပြီဆိုရင် ဘယ် scene မှာ ဘယ်လိုခံစားချက်နဲ့ သီဆိုရမယ် ၀မ်းနည်းရင်၀မ်းနည်းသလို ပျော်ရင်ပျော်သလို ဟန်ပန်တွေ vocal trick တွေ စသဖြင့် သီဆိုတဲ့သူက သီချင်းအပေါ်မှာ နစ်၀င်ပြီး ပုံဖော်နိုင်မှတော်ကာကျမှာပါ။ ဒီလိုသီဆိုဟန်တွေရယ် Heorine တွေရဲ့ acting skill တွေနဲ့ picturise လုပ်တာတွေရဲ့ရောစပ်လိုက်တဲ့အခါမှာ အကောင်းဆုံး Masterpiece တစ်ခုထွက်လာပါတော့တယ်။ ဥပမာပေးရရင် ခုနက Howrah Bridge ကားထဲက 'Aaiye Meharban' သီချင်းလိုပေါ့။ သူ့အသံကို Madhubala ခေတ်ကနေ ဒီကနေစတားတွေဖြစ်တဲ့ Kareena Kapoor ခေတ်အထိကို (lip-syncing) လုပ်နေဆဲပါပဲ။ 




ဒီလိုဆိုရင် သူ့ဘ၀အစဇာတ်ကြောင်းလေးကို ရေးပြပါရစေ။ 
Asha Bhosle ကို ၁၉၃၃ခုနှစ် စက်တင်ဘာလ ၈ရက်နေ့မှာ Goar အမည်ရှိတဲ့ရွာလေးမှာမွေးဖွားခဲ့တယ်။ သူ့အဖေက threater artist ဖြစ်ပြီး အမေဖြစ်သူကတော့ Classical Singer (ရိုးရာသီချင်းတွေဆိုတဲ့ အဆိုရှင်) ဖြစ်ပါတယ်။ သူ့ငယ်ဘ၀ထဲက Asha အဖေက Classical Style ကိုလေ့ကျင့်ပေးခဲ့တာပါ။ သူ့အစ်မဖြစ်သူကတော့ နာမည်ကျော်အဆိုရှင် Nightingale of India လို့တောင်တင့်စားရတဲ့ Lata Mangeshkar ပါပဲ။ မွေးချင်းတွေကတော့ Lata Mangeshkar, Usha Mangeshkar, Hridaynarth Mangeshkar နဲ့ Meena Khadika တို့ပဲဖြစ်ပြီး လေးယောက်စလုံးဟာ အနုပညာလောကထဲမှာပဲကျင်လည်ကြတာဖြစ်ပါတယ်။




သူ့အသက် ၉နှစ်မှာ ဖခင်ဖြစ်သူဆုံးပါးသွားတာကြောင့် အစ်မလုပ်သူနဲ့ ရုပ်ရှင်တွေထဲမှာ ရရာနေရာကနေ playback ဆိုရင်း Composer ဖြစ်သူ Datta Dawjekar က သတိထားမိသွားရာကနေ ၁၉၄၃မှာ သူ့ Career လမ်းကြောင်းစပွင့်လာပါတော့တယ်။
၁၉၄၃ ထွက် Marathi ရုပ်ရှင် 'Majha Bal' မှာ 'Chala Chala Nav Bala' သီချင်းနဲ့ ပွဲဦးထွက်ခဲ့တယ်။ ပထမဆုံးဆိုတာဖြစ်တာကြောင့် ကတုန်ကယင်တွေဖြစ်လို့ ၆ခါလောက်အချိန်ယူပြီး အသံသွင်းခဲ့ရပါတယ်။



နောက်တော့တဖြည်းဖြည်းနဲ့ Hindi Film Music Industry ထဲ၀င်လာရကနေ ၁၉၅၂၊၁၉၅၃၊၁၉၅၄ လောက်မှာ နေရာရလာရင်း ယနေ့ခေတ်အထိ သီဆိုခဲ့တဲ့သီချင်းပေါင်း တစ်သောင်းကျော်လောက်ရှိလာခဲ့ပါပြီ။



Asha Bhosle မှာ အိမ်ထောင်ဆက်နှစ်ဆက်ရှိပါတယ်။ ဒုတိယအိမ်ထောင်ကတော့ နာမည်ကြီး Music Director R.D. Burman နဲ့ပါ။ Asha ဟာ 40s 50s 60s စတဲ့ golden era တွေကို အပြည့်အ၀ကျော်ဖြတ်ခဲ့ရပြီး Hemant Kumar, Mohammed Rafi, Geeta Dutt, Kishore Kumar စတဲ့ legendary အဆိုရှင်ကြီးတွေ S.D. Burman Naushad စတဲ့ Music Director ကြီးတွေနဲ့လည်း တွဲဖက်လုပ်ကိုင်ခဲ့ဖူးပါတယ်။ 




Asha Bhosle ဟာ အကောင်းဆုံးအမျိုးသမီးအဆိုရှင်အဖြစ် Filmfare ဆု၊ နိုင်ငံတော်ကချီးမြှင့်တဲ့ အကောင်းဆုံးအမျိုးသမီးအဆိုရှင် ၂ဆုအပြင် ဂုဏ်ပြုခံရတဲ့ နိုင်ငံတော်ကချီးမြှင့်တဲ့ Dadasaheb Phalke Award စသဖြင့် ရရှိခဲ့ပြီးပါပြီ။ ဒီညတင်ပေးမယ့်သီချင်းကတော့ ခင်ဗျားတို့ရဲ့ စိတ်၀ိညာဥ်တွေကိုပါဆွဲခေါ်သွားမယ့် mind-blowing သီချင်းပါ။ ဒီသီချင်နားထောင်ပြီးလို့ Madhubala ကိုမျက်လုံးထဲကထုတ်လို့မရရင် ကျွန်တော့်ကိုအပြစ်မဆိုနဲ့နော်

No comments:

Post a Comment

 Hai Apna Dil Toh Awaara (သို.မၽဟုတ်) ကျွန်တော်သၽတိပြုမိတဲ့ သီချင်းလေးတစ်ပုဒ်     ပဏာမပြောချင်တာက. . .  Hindi Cinema မှာ ဘယ်ခေတ်ပဲဖြစ်ဖြစ် ဟ...