Thursday, May 12, 2022

 Hai Apna Dil Toh Awaara (သို.မၽဟုတ်) ကျွန်တော်သၽတိပြုမိတဲ့ သီချင်းလေးတစ်ပုဒ်


   ပဏာမပြောချင်တာက. . . 

Hindi Cinema မှာ ဘယ်ခေတ်ပဲဖြစ်ဖြစ် ဟိုးအဦးအစ ၁၉၂၀ ပြည့်နှစ် လောက်ကပဲဖြစ်ဖြစ် သူတို့ရဲ့ Industry ကို သီချင်းတွေ၊ ကဗျာတွေနဲ့ ရေးခြယ်သီကုံးလေ့ရှိပါတယ်။ နောက်ပိုင်းခေတ် ၁၉၅၀ ခုနှစ်လောက် အစပြုပြီး ဇာတ်ကောင်ရဲ့စိတ်ခံစားချက် Plot  sequence အခြေအနေကိုလိုက်ပြီး အချို့သော romantic attachment လေးတွေကို သီချင်းတွေနဲ့ဖော်ကျူးလေ့ ရှိတယ်။ တစ်နည်းအားဖြင့်ပြောရရင် သီချင်းတွေနဲ့စကားပြောလေ့ရှိတယ်ပေါ့။ ၁၉၄၀ ကျော်၊ ၁၉၅၀ လောက် ကစပြီး သီချင်းတွေ အဆိုအကတွေ  ပိုပြီးစိပ်ကာ စိပ်ကာနဲ့ထည့်လာတာကို သတိထားကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာပြောရရင်  Kala Pani ရုပ်ရှင်ထဲမှာဆိုရင် Hero ဖြစ်တဲ့ Dev Anand နဲ့ Heroine Madhubula တို့ အထင်လွဲမှု ဖြစ်သွားခဲ့တယ်။ ဒီအကြောင်းပေါ်အခြေတည်ပြီး Dev Anand က တော်ရုံနဲ့ စိတ်မပြေနိုင်ဘူး။ မိန်းကလေးဖြစ်တဲ့ Madhubala ကိုယ်တိုင် တယုတယနဲ့လိုက်ချော့ပေမယ့် တော်ရုံနဲ့စိတ် မပြေနိုင်ဘူး ဖြစ်နေတယ်။ အဲ .. အဲဒီလို အခြေအနေမျိုးမှာဆိုရင် သူတို့ရုပ်ရှင်လောကမှာ Logic တစ်ခု ပေါ့နော်။ သီချင်းတစ်ပုဒ်ထည့်ရင် သင့်မယ်လို့ယူဆကြတယ်။ တကယ်လည်း လိုက်ဖက်ပါတယ်။ Romance ကို ပုံဖော်တဲ့နေရာမှာ Songs, duets တွေက Constructive role မှာပါဝင်နေကြတယ်။ ယေဘုယျအားဖြင့် ပြောရရင် Kala Bazar မှာဆို  Khaya Khoya Chand အဲဒီသီချင်းလေးမှာဆိုရင် တောင်တန်းလေးတွေ၊ သဘာဝအလှတရားတွေနဲ့ နီးစပ်တဲ့နေရာမှာ   Song picturization လုပ်ကြတယ်။  သီချင်းက သိပ်ကို soulful ဖြစ်သလို သဘာဝတရားနဲ့ စပ်ယှက်ပြီး ခံစားနိုင်တဲ့သီချင်းမျိုးဖြစ်ပါတယ်။ 


    ကဲပါလေ အစပျိုးတာနဲ့တင် တော်တော်ရှည်သွားပြီ။ ဒီနေ့ ကျွန်တော်ပြောချင်တဲ့အကြောင်း ကတော့ တခြားမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ သိပ်ကိုလူကြိုက်များပြီး လူငယ်တွေကြားထဲမှာ တော့ ခေတ်ဟောင်းသီချင်းလို ရေပန်းစားတဲ့ စိတ်ကူးလေးနဲ့ရွက်လွှင့်မှာဆိုတဲ့ သီချင်းလေးရဲ့ မူရင်း record  ဖြစ်တဲ့ “Hai Apana Dil To Awara” ပါပဲ။ ကျွန်တော်အရှေ့ကပြောခဲ့တဲ့အတိုင်းပဲ Hindi Film Industry မှာ ရုပ်ရှင်လောကရယ် ဟောဒီ duets တွေ  mellifluous songs တွေရဲ့အရင်းဌာနဖြစ်တဲ့  Indian Music Industry ကြီးရယ် ဘယ်လိုမှ ခွဲထားလို့မရပါဘူး။


    ကျွန်တော်ပြောပြမယ့် သီချင်းလေးဟာ ဒီ Hindi Films တွေရဲ့ Pathos ဇာတ်လမ်းဇာတ်ကွက်နဲ့ အညီ ထည့်ထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ Theme Song လို့လဲပြောလို့ရပါတယ်။ ရုပ်ရှင်က တခြားတော့မဟုတ်ပါဘူး၊ ကျွန်တော်တို့ Retro Cinemaazi Telegram Channel မှာ ပထမဆုံးတင်ထား တဲ့ဇာတ်ကားပါပဲ။ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်အထူးတလည် မပြောတော့ပါဘူး။ သင့်ဘဝ အချိန်ထပ်ကုန်ပြီး အကျိုးရှိမယ့် စိတ်နှလုံးကို အေးချမ်းစေမယ့်ရုပ်ရှင်မျိုး ကြည့်ချင်တဲ့လူမျိုးဆိုရင် နှောင့်နှေးတွန့်ဆုတ်မှုမရှိဘဲ ဒီရုပ်ရှင်ကို သွားကြည့်ကြည့်ပါလို့ ပြောချင်ပါတယ်။



ဒီသီချင်းကတော့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ဆက်စပ်ပြီးပြောရရင် Prannath 
Kashyap (Hero Dev Anand) က ဂျာနယ်လစ် တစ်ယောက်၊ သူက ရထားဘူတာမှာလှည့်လည်နေပြီး သူ့သတင်းစာတိုက်အတွက် ဇာတ်လမ်း ရှာပုံတော် ထွက်နေသူတစ်ယောက်ပေါ့။ Laaj (Waheeda Rehaman) က တက္ကသိုလ်ကျောင်းသူ။ သူ့ချစ်သူနဲ့လိုက်ပြေးဖို့ ရထားဘူတာကို ညကြီးမင်းကြီးထွက်လာခဲ့တယ်။ ရထားထွက်ချိန် သူမဟာ စိုးထိတ် နေခဲ့တယ်။ ရင်တလှပ်လှပ်နဲ့ သူ့ရဲ့စိုးရိမ်ကြောင့်ကြမှုဟာ ဟန်မဆောင်နိုင်လောက်အောင် ပေါ်လွင်နေ တယ်။ Dev Anand က သူတို့သမီးရည်းစားအခြေအနေကို အကဲခတ်နေတယ်။ ဒီလိုနဲ့ ရထားပေါ်မှာ Dev Anand ရဲ့ သူငယ်ချင်းက သူ့ရဲ့နှလုံးသားအကြောင်းမေးတယ်။ ဒီလိုနဲ့ Dev က သူ့နှလုံးသားလေးအကြောင်း ကို သီချင်းနဲ့ ပြောပြလိုက်တော့တာပါပဲ။

Playback Singer Hemant Kumar (ယာဘက်) နဲ. Music Director S.D. Burman

       ဒီတော့ ဇာတ်လမ်းအနေအထားနဲ့ကြည့်ရင် မင်းသားက သီချင်းစဆိုငြီးတယ်ပေါ့။ သီချင်းရဲ့ အဓိပ္ပါယ်ကိုသိချင်ရင် RC Music Room Telegram Channel မှာ တင်ထားပါတယ်။  အနုပညာတစ်ခုကို ခံစားကြည့်ဖို့ ကြံရွယ်တယ်ဆိုပါတော့။ အဲဒီလိုစိတ်ကူးလိုက်ပြီဆိုတာနဲ့ အဲဒီ အနုပညာမှာ သက်ဆိုင်တဲ့ လူမျိုး၊ဘာသာစကား၊ ခေတ်အလိုက်စတဲ့ခံယူချက်တွေ၊ ဝေဖန်မှုပြုလိုစိတ်တွေ၊ ဒါကြီးကတော့  ဘယ်ရှေးပဝေသဏီက ရုပ်ရှင်လည်း မသိပါဘူး။ ခေတ်ဟောင်းနေပြီ၊ antique ကျနေပြီ ဆိုတဲ့အမြင်တွေ၊ ဒါတွေအားလုံးကို ဘေးဖယ်ထားစေချင်တယ်။ သူ့ဟာသူ ဘယ်ခေတ်ကပဲဖြစ်ဖြစ် အနုပညာက အနုပညာပဲလေ။ ဟိုလိုဖြစ်လို့ ဒီလိုဖြစ်လို့ဆိုပြီး ပြစ်တင်ရှုံ့ချနေတာမျိုးတွေကို ကျွန်တော် ကတော့ အမြင်ကျဉ်းတယ်၊ ဘောင်ကျဉ်းတယ်လို့ပဲ ယူဆ တယ်။  

     သီချင်းနဲ့ပတ်သက်ပြီး အစချီရမယ်ဆိုရင် Playback Singer Hemant Rumar ညည်းဆိုတဲ့ အသံ လေးနဲ့စထားတယ်။ သီချင်းကို အစပျိုးပြီဆိုတာနဲ့ သဘာဝကျအောင် သူ့ရဲ့ Composition ကို တစ်လှမ်း ချင်း ဖြည်းဖြည်းချင်း အစပြုထားတယ်။ စစသုံးတာကတော့ Violin Instrument ကို သုံးထားတာပေါ့နော်။ အဲဒီမှာပြောချင်တာက အသံရှင်ကစဆိုပြီဆိုတာနဲ့ ဒါကို portray လုပ်တဲ့ actor ကရော အသံနဲ့ ဇာတ်ကောင်ကိုဖော်ကျူးတဲ့ Playback singer ကရော နှစ်ဦးနှစ်ဘက်စလုံးက သဘောသက်ဝင်နေရမယ်။ အခု အစချီထားတဲ့နေရာမှာဆိုရင် ဆိုတဲ့သူရဲ့သဘောသက်ဝင်မှု humming လေးမှာတောင် Vibing ဖြစ်ချင် စရာကောင်းနေတာကို ခံစားမိတယ်။  



    ကဲ ဆက်သွားကြည့်မယ်ဆိုရင် Instrumental တွေ စလာပြီ ပရိတ်သတ်ကစပြီး ဒါနဲ့စီးမျောနေပြီ အဲဒီမှာ Instrumental တွေတွဲဆက်ပုံ၊ ပေါင်းစပ်ထားပုံတွေက သီချင်းတစ်ပုဒ်ကို အလှဆင်တဲ့နေရာမှာ သိပ်အရေးကြီးလှတယ်၊ အသံသေးသေးလေးကအစ ထင်သာမြင်သာတဲ့ အသံမျိုးအထိ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းဟာ constructive role မှာ ပါဝင်နေကြတယ်။ Instrument အပိုင်းမှာပြောရမယ်ဆိုရင် အထင်သာဆုံးက Chinese Temple Block ဆိုတဲ့ Instrument လေးရဲ့အသံလေးပေါ့သူ့အသံလေးက “တောက် တောက် တောက် တောက်” နဲ့ဖြစ်တယ်။ ဒီကောင်လေးကို Hindi Film တွေရဲ့သီချင်းတွေမှာ တွေ့ရလိမ့်မယ်။ ဥပမာပြောရရင် ပွဲလမ်းအဆိုအက party ပွဲတွေမှာ အနောက်တိုင်းကျတဲ့ ဂီတပုံစံတွေမှာ သူ့ကိုပုံစံအမျိုးနဲ့သီချင်းရဲ့ flow ကိုလိုက်ပြီး သုံးလေ့ရှိတယ်။ တစ်နည်းအားဖြင့်ပြောရရင် သူတို့ပုံစံ ဟန် သပ်သပ်နဲ့ခွဲထွက်တဲ့ ထူးခြားတဲ့ပုံစံမျိုးပေါ့။

ဥပမာပြောရရင် Manzil (၁၉၆၀)ရုပ်ရှင်ထဲက Dev Anand  စားသောက်ဆိုင်မှာဆိုတဲ့သီချင်းပုံစံ ပေါ့။ နောက်တစ်မျိုးက Pyaasa ရုပ်ရှင်ထဲက Waheeda poem ရွတ်ဆိုတဲ့ပုံစံလုပ်ထားတဲ့သီချင်း “Jaane Kya Tune Kahi” မှာဆိုရင်လည်း Chinese Temple Block ကိုလိုသလို ကစားထားတာကို တွေ့ရပါလိမ့်မယ်။ နောက်ပြီး ကျွန်တော် သူတို့ရဲ့ Music စပ်ပုံကို ပြောရမယ်ဆိုရင် Instruments သုံးတဲ့ပုံစံ၊ သီချင်းရဲ့ body ကို တည်ဆောက်ပုံက သိပ်ကိုကျွမ်းကျင်လိမ္မာတယ်။ သို့ပေမယ့် သူတို့ကိုယ်ပိုင်ဟန်အနေနဲ့ သုံးနေကျ Instruments လေးတွေတော့ရှိတာပေါ့။ Percussion သဘောဆိုရင် အခြေခံအားဖြင့် သူတို့သုံးတဲ့ ရိုးရာ ဗုံတွေရှိမယ်။ဒါက အခြေခံကျပြီး အဲဒီပေါ်မှာ မတူညီတဲ့ပုံစံတွေခွဲထွက်တာမျိုးကိုပြောတာပါပဲ။ ပြီးတော့ Indian Music နဲ့ပတ်သက်ပြီး ၁၉၄၀-၁၉၅၀ -၁၉၆၀ အဲဒီကာလတွေမှာထဲက သူတို့ဖန်တီးတဲ့ Music ကို သူတို့ဘယ်လိုစင်တင်လဲဆိုရင် သူတို့က ကိုယ်ပိုင်သံစဉ်စပ်တယ်၊ ကိုယ်ကိုယ်တိုင်စပ်ထားတဲ့ သံစဉ်က ဘယ်လောက်အနှစ်အရသာရှိလည်းဆိုတာ ဘယ်လိုရေးပြရမှန်းတောင် မသိတော့ပါဘူး။ သူတို့ လုပ်ထား တဲ့ဖန်တီးမှုပေါ်မှာ မူအသစ်တွေထွင်တယ်၊ တစ်နည်းအားဖြင့်ပြောရရင် သူတို့ရဲ့ကိုယ်ပိုင်ဟန်ပေါ့။ အဲဒါကိုပြောချင်တာပါ။


     ဒီတော့ ကျွန်တော်တို့ပြောလက်စသီချင်းနဲ့ပတ်သက်ပြီး ဆက်ရရင် အဲဒီ Instrumental အပိုင်း လာပြီဆိုတာနဲ့ Chinese Temple Block ပါမယ်။ အဲဒီဟာကိုမှ ငြိမ့်အောင် သိပ်သည်းကျစ်လစ်ပြီး နားထောင်ရတဲ့သူဘဝင်ကျအောင် ပံ့ပိုးပေးနေတဲ့အစိတ်အပိုင်းလေးတွေ ရှိနေပါသေးတယ်။ ခြုံပြောရရင်   Percussion ပေါ့။ ကျွန်တော် လေ့လာမိသလောက်ပြောရရင် Instrumental အပိုင်းမှာ Chinese Temple Block နဲ့ ခြေရာလိုက်နေတဲ့ ရှပ် .. ရှပ် .. ရှပ်.. ရှပ် နဲ့အသံလေးတွေ၊ သီချင်းရဲ့အခြေခံကျတဲ့အစိတ်အပိုင်း လေးတွေပေါ့၊ အဲဒီခေတ်မှာဆိုရင်တော့ violin , Orchestra သုံးပစ္စည်းတွေနဲ့ပေါင်းစပ်ထားတယ်လို့ ထင်မိပါတယ်။ အဲဒီလို သေးသေးသေးသေးနဲ့ ပေါင်းစပ်မှုဟာ နောက်ဆုံးရလဒ်အနေနဲ့ ကျစ်လစ် သိပ်သည်းပြီး နားထောင်ရတဲ့သူမြိန်စေတဲ့ sound design မျိုးထွက်လာတာပါပဲ။ အဲဒီသီချင်းရဲ့ flow  အတိုင်းပြောရရင် Percussion ပုံစံကိုမှ ဆက်သွားပြီး သီချင်းရဲ့ပထမဆုံးအပိုင်းမှာ ရေးရေးလေးနဲ့ violin လို ညုညုအသံလေးထပ်လိုက်ပါလာလိမ့်မယ်။ နောက်တစ်ခုက သီချင်းရဲ့ထောင့်တိုင်း ထောင့်တိုင်းမှာ ထူးခြား တဲ့အသံလေးတွေထည့်တာ၊ ဖန်ခွက်ထဲကို ရေကို အချိန်အဆနဲ့ထည့်ပြီးတော့ ဖန်ခွက်ကို တီးကြည့်လိုက် ရင်ထွက်လာတဲ့အသံမျိုး၊ ကြားထဲမှာ အစပ်အဟပ်တစ်ခုထည့်တဲ့သဘောမျိုးပေါ့။ သီချင်းရဲ့ တစ်ဖြတ်  တစ်ဖြတ်ပြီးခါနီးတိုင်း သူနဲ့ဆီလျော်မယ့် ဘာဂျာသံထည့်တာမျိုးတွေ၊ တစ်ချို့ တစ်ချို့ထည့်ထားတဲ့ အသံလေးတွေက သူနဲ့ဆိုင်ရာဆိုင်ရာမှာလှုပ်ရှားနေတာမျိုးတွေ၊ နောက်ပြီး အသံရှင်ရဲ့သက်ဝင်မှု သီချင်း တစ်ပိုဒ်မှာ ဘယ်လောက်ပြောင်မြောက်အောင် တီးခတ်ထားပါစေဦး၊ ဆိုတဲ့သူက မဟန်ရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူးလေ။ ကျွန်တော်သိရသလောက် ကြားဖူးသလောက်ဆိုရင်တော့ သူတို့ Playback singer တွေက သီချင်းတစ်ပုဒ်ကို picturize လုပ်တော့မယ်ဆိုရင် ဒါကို depict လုပ်မယ့် actor တွေရဲ့ actor တွေရဲ့ နေရာမှာဝင်ပြီး ဆိုကြ ပုံဖော်ကြတာပဲတဲ့။ အဲဒီလိုဆိုတဲ့နေရာမှာလည်း အစပ်အဟပ်ကလေးတွေ ထည့်ရ သေးတယ်။ ဥပမာ ချစ်သူနှစ်ဦး ကြည်နူးကလူနေကြတဲ့ပုံစံမျိုးဆိုပါတော့၊ မိန်းကလေးလုပ်သူကလည်း အသည်းယား ကလူစရာ မြူးတူးတူး ကလက်တက်တက်ဟန်မျိုးလေးတွေ၊ဒါတွေထည့်ခြင်းအားဖြင့် ပုံဖော် ရတဲ့ဇာတ်ကောင်ကို ပိုသရုပ်ပီပြင်စေတယ်။ တစ်နည်းအားဖြင့်ပြောရရင် ပရိသတ်ကို ကြည်နူး စေတယ် ပေါ့ဗျာ။ ကျွန်တော် အခုပြောသွားတဲ့သီချင်းကို compose လုပ်ထားတဲ့ပုံစံတွေ၊ ထည့်ထားတဲ့ အစိတ်အပိုင်း သေးသေးလေးကအစ အရေးပါပုံတွေ၊ အဲဒါတွေအကုန်လုံးကို ပေါင်းစပ်လိုက်တဲ့အချိန်မှာ စစ်မှန်ခြင်းနဲ့ masterpiece ဆိုတဲ့လက်ရာတစ်ခုထွက်လာတယ်။ ဖော်ကျူးထားတဲ့သီချင်းရဲ့ရသကို ပရိသတ်နဲ့နီးစပ်လာ စေတယ်။

Playback Singers Hemant Kumar & Kishore Kumar

     အဲဒီလိုနဲ့ ကျွန်တော်တို့ဟာ Old Era ရဲ့ညှို့ယူမှုကနေ မထွက်နိုင်ဖြစ်ကြတာပါပဲ။ ဒါပေမယ့် နောက်ပိုင်းခေတ်တွေကျတော့ လူတွေကို entertain လုပ်ဖို့ရယ်၊ ပရိသတ်အလို ဖြည့်တင်းလာကြတယ်။ ခံစားချက်တွေကို အလွန်အကျူးဖော်ကျူးလာတယ်။ သဘာဝနဲ့ဆန့်ကျင်လာကြတယ်။ အဲဒီလိုနဲ့ Cinema ကြီးဟာ reality နဲ့ဝေးဝေးလာတယ်။ ဘယ်အရာမှ လွန်ကျူးရင်မကောင်းပါဘူး။ ဒါပေမယ့် ဒီလို နူးညံ့ပြီး intoxicated  ဖြစ်စရာ အနုပညာ လက်ရာတွေကိုတော့ ကျွန်တော်တို့ မေ့ထားလို့ မဖြစ်ဘူးလေ။ ဘယ်ခေတ် ကပဲဖြစ်ဖြစ်၊ ဘာလူမျိုးကပဲလုပ်လုပ် နှလုံးသားနဲ့ခံစားကြည့်ရင် ဒါတွေဟာ လှပတဲ့အရာလေးတွေပါပဲ။ ကျွန်တော် ဒီနေ့ ခင်ဗျားတို့ကို လှပတဲ့အနုပညာလက်ရာလေးတွေထဲက တစ်ခုကို လှစ်ဟ ပြလိုက်တာပါ။ ကျွန်တော်ဟာ အသိပညာရှင်၊ အတတ်ပညာရှင်လဲ မဟုတ်ပါဘူး။ ကျွန်တော့်နှလုံးသားနဲ့ ခံစားပြီး နှလုံးသားကပြောတဲ့စကားတွေရေးပြတာပါပဲ။ ဒီဆောင်းပါးလေးကို တလေးတစားနဲ့ အချိန်ပေး ဖတ်ရှုတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါကြောင်း …..။

 

 

 

Retro Cinemaazi

        Admin



Track: Hai Apna Dil To Awaara (Happy Version)

Track Link: https://t.me/rcmusicroomfgldera/40

RC MUSIC ROOM CHANNEL: https://t.me/rcmusicroomfgldera


 Hai Apna Dil Toh Awaara (သို.မၽဟုတ်) ကျွန်တော်သၽတိပြုမိတဲ့ သီချင်းလေးတစ်ပုဒ်     ပဏာမပြောချင်တာက. . .  Hindi Cinema မှာ ဘယ်ခေတ်ပဲဖြစ်ဖြစ် ဟ...