About Me
[Unicode]
အခုကတော့ အင်္ဂလိပ်သက္ကရာဇ်ရာဇ် ၂၀၂၁ ခုနှစ်ပေါ့
ခင်ဗျားတို့ကိုတစ်ခုလောက်မေးပါရစေ
Time Travel ဆိုတဲ့စကားစုလေးကိုကြားဖူးကြမှာပါ
ဥပမာပြောရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ၆၀လောက်ပြန်သွားကြမယ်ဆိုရင် Time Travelသွားနိုင်ဖို့ စက်ယန္တရားကြီးတီထွင်ဖို့မလိုပါဘူး
ဒါဖြင့်ဘယ်အရာတွေနဲ့ time travel သွားနိုင်သလဲ
ဒီပေ့ချ့် အဓိကထားတာကတော့ ရုပ်ရှင်တွေပါပဲ
ဒီ page မှာဘယ်လိုရုပ်ရှင်တွေကြည့်နိုင်သလဲ
အဖြူအမည်းရုပ်ရှင်တွေ technicolor ရုပ်ရှင်တွေပါ
တစ်နည်းအားဖြင့်ခင်ဗျားတို့ကို Indian Cinema (ဘောလီး၀ုဒ်) ရဲ့ goldie အနှစ်တွေကိုပြချင်တာပါ
တော်ရုံဆိုရှေးဟောင်း classic film တွေကို သတိထားမိဖို့မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်မ၀င်စားကြတာကြောင့်ဖြစ်နိုင်သလို အထင်မကြီးတာကြောင့်လဲဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့တစ်လကကွယ်လွန်သွားတဲ့ Legendary Dilip Kumar နဲ့ဆက်စပ်ပြီးပြောပါမယ်။ သူ့အကြောင်းပြောရင် Hindi Cinema နဲ့ရင်းနှီးကျွမ်း၀င်ပြီးသူတွေက ' Mughal-e-azam ရုပ်ရှင်နဲ့သိကြပါတယ်
တကယ့်တော့သူခေတ်သူ့အခါမှာ သူ့ပုံစံနဲ့သူရပ်တည်ခဲ့ကြတာပါပဲ။
ဒီတော့ရှေးဟောင်းရုပ်ရှင်တွေမှာ သူ့ဟာနဲ့သူ မှော်ဆန်တဲ့အရာလေးတွေရှိတယ်ဆိုတာခင်ဗျားတို့ကိုသိစေချင်တာပါ။ ဒါပေမယ့် era တစ်ခုစီတိုင်းမှာ သူမတူတဲ့ စတားတွေရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်ချိန်တုန်းကသူမတူအောင်ချောခဲ့လှခဲ့ကြတဲ့ စတားတွေ ရုပ်ရှင်တွေကို မမြင်ဖူးသေးရင်တော့နောင်တရစရာပါ။ ဒီခေတ်မှာ နည်းပညာတိုးတက်လာလို့အလှအပကိုငွေနဲ့ပေး၀ယ်လို့ရတယ်လို့ထင်ရပေမယ့်တကယ့်သဘာ၀အလှတွေ ငွေနဲ့ပေး၀ယ်လို့မရတဲ့အလှတွေပေါ်ထွန်းခဲ့တာဆိုသိစေချင်ပါတယ်
ခင်ဗျားတို့ကို အနှစ်ကြီးပဲရှိတဲ့ တကယ့် eraကြီးနဲ့မိတ်ဆက်ပေးချင်တာပါ။ အဲဒီခေတ်ကစတားတွေက သက်ရှိထင်ရှားမရှိတော့ပေမယ့် သူတို့ရုပ်ရှင်တွေ သီချင်းတွေသာကျွန်တော်တို့နှလုံးသားထဲမှာ ရှင်သန်နေသေးရင် သူတို့အသက်ရှင်နေသလိုပါပဲ။
ဒီပေ့ချ်ကနေ 1950s 60s နဲ့ early 70s ကိုဦးစားပေးတင်ပေးသွားမှာပါ
မြန်မာစာတန်းထိုး Classic Filmတွေကိုကြည့်ရှုနိုင်ရန်ကျွန်တော်တို့ telegram channel ကိုဖိတ်ခေါ်အပ်ပါတယ် 👇
https://t.me/retrocinemaazimmsub
Retro Cinemaazi မှ Melodious Classic Songs တွေကို mmsub နဲ့ခံစားနားဆင်နိုင်ဖို့ Music Channel ဖွင့်ထားပါတယ်ခင်ဗျ
To join 👇
https://t.me/rcmusicroomfgldera
[Zawgyi]အခုကတော့ အင်္ဂလိပ်သက္ကရာဇ်ရ ၂၀၂၁ ခုနှစ်ပေါ့
တစ်ခါလောက်များ ဒီစကားလေးနဲ့ပတ်သက်ချင်မိကြလား။
ဒီပေ့ခ့်ျ အဓိကထားတာကတော့ ရုပ်ရှင်တွေပါပဲ
ဒီပေ့ခ်ျကနေ 1950s 60s နဲ့ early 70s ကိုဉီးစားပေးတင်ပေးသွားမှာပါ
မကြာမီမြန်မာစာတန်းထိုး Classic Filmတွေကိုကြည့်ရှုနိုင်ရန်ကျွန်တော်တို့ telegram channel ကိုဖိတ်ခေါ်အပ်ပါတယ် 👇
အရင်ဆုံးအဲဒီခေတ်ကစတားတွေအကြောင်းကို အရင်မိတ်ဆက်ကြည့်ရအောင်လား
[Unicode]Retro Cinemaazi မှ Melodious Classic Songs တွေကို mmsub နဲ့ နားဆင်နိုင်ဖို့ Music Channel ဖွင့်ထားပါတယ်ခင်ဗျ
To Join 👇
https://t.me/rcmusicroomfgldera
[Zawgyi]Retro Cinemaazi မှ Melodious Classic Songs တွေကို mmsub နဲ့ နားဆင်နိုင်ဖို့ Music Channel ဖွင့်ထားပါတယ်ခင်ဗျ
To Join 👇

No comments:
Post a Comment