Saturday, September 25, 2021

Birthday Special: Tanujaji

 Birthday Special: Tanujaji

(25/9/2021)



Tanuja လို့ဆိုရင် သူ့ရဲ့နာမည်ကျော်ရုပ်ရှင်ထဲက အထင်ကရဇာတ်ဝင်သီချင်းဖြစ်တဲ့ 'Meri Jaan Mujhe Jaan Jaan Na Kaho Meri Jaan' (ကျွန်မအချစ်ရေ၊ ကျွန်မကိုရှင့်ရဲ့ဘ၀တစ်ခုတည်းလို့မဆိုလိုက်ပါနဲ့၊ အချစ်ရေ) ဆိုတဲ့ lyrics လေးကိုပြေးမြင်ကြားယောင်မိပါတော့တယ်။ 


တကယ်တော့တစ်နေ့က စက်တင်ဘာ ၂၃ရက်နေ့မှာ Tanuja ဟာ အသက် ၇၈နှစ်ပြည့်သွားခဲ့ပါပြီ။ Tanuja ဟာ ဒီဘက်ခေတ်မှာကျော်ကြားတဲ့ Kajol Devgan (Mukherjee) ရဲ့မိခင်ဖြစ်သူပါ။ သူ့ကို ၁၉၄၃မှာမွေးဖွားခဲ့တယ်။ Marathi လူမျိုးဖြစ်ပြီး ဟိန္ဒူဘာသာကိုးကွယ်ပါတယ်။


Tanuja ရဲ့ ဆွေမျိုးစဥ်အဆက်တွေကတော့ ပြောမကုန်နိုင်လောက်အောင် တကယ့်အံ့မခန်းတွေချည်းပါပဲ။ Tanuja မှာ မောင်နှမလေးယောက် (မိန်းကလေးသုံးယောက်၊ ယောကျ်ားလေးတစ်ယောက်) ရှိပြီး သူ့ရဲ့အစ်မအကြီးဆုံးကတော့ တကယ့် screen legend Nutan (Samarth Bahl) ပါပဲ။


Tanuja ဟာ Samarth မျိုးရိုးကနေပေါက်ဖွားလာခဲ့ပြီး ၁၉၅၀ခုနှစ်ထွက် Hamari Beti (ငါတို့ရဲ့သမီးရတနာလေးတွေ) ရုပ်ရှင်ကားမှာ Baby Tanuja အဖြစ်ပါ၀င်ခဲ့ပြီး သူမရဲ့ first film လို့ပြောလဲမမှာပါဘူး။ Hamari Beti ဆိုတဲ့ဇာတ်ကားကို ရိုက်ကူးခဲ့သူကတော့ မင်းသမီးကြီး Shobhana Samarth (Nutan နဲ့ Tanuja တို့ရဲ့အမေဖြစ်ပြီး Kajol ရဲ့ အဘွားပါ) ဖြစ်ပြီး ရုပ်ရှင်ထဲမှာ Nutan ဟာ အဓိက role မှာကလေးသရုပ်ဆောင်အနေနဲ့ပါ၀င်ခဲ့ပါတယ်


၁၉၄၀/၁၉၅၀မှာ ကျင်လည်နေတဲ့ ဒါရိုက်တာ Kidar Sharma က သူ့ရဲ့ အရည်အချင်းကိုသတိထားမိခဲ့ပြီး ၁၉၆၁ ခုနှစ်ထွက် Hamari Yaad Aayegi ဇာတ်ကားမှာ အဓိက အမျိုးသမီးဇာတ်ဆောင်အဖြစ်ခေါ်ယူရိုက်ကူးခဲ့ရပါတယ်။ သူ့အစ်မနဲ့ ထပ်မံရိုက်ကူးထားတဲ့ Chhabili (1960) ဆိုတဲ့ရုပ်ရှင်ကိုတော့ ချန်လှပ်ထားမဖြစ်ပါဘူး။ Nutan ကိုယ်တိုင် playback အဖြစ်ပါ၀င်ထားခဲ့လို့ဖြစ်ပါတယ်။ 


Tanuja ကို အင်တာဗျုးထဲမှာ ဘာလို့ ဒီ Hindi Film Industry ထဲရောက်လာခဲ့သလဲလို့မေးရင် သူဖြေထားတာကတော့ ဒီလိုပါ။ လိုလိုလားလားနဲ့ ရည်မှန်ချက်ကြီးတွေရှိပြီး ဝင်လာခဲ့တာမဟုတ်ပါဘူး။ '၁၉၆၀ ပြည့်နှစ်မှာ ကျောင်းပိတ်လို့အိမ်ပြန်လာတုံး အိမ်ရဲ့အခြေအနေဟာသိပ်မဟန်လှဘူး။ ကျွန်မရဲ့အစ်မအကြီးကလည်းအိမ်ထောင်ပြုသွားပြီဆိုတော့ သူလည်းသူ့ဘ၀နဲ့သူ ဖြစ်သွားရော။ အိမ်မှာလည်း အမေ ( Shobhana Samarth) ကလည်းသိပ်မမာလှဘူးလေ။ အိမ်ရဲ့ဝင်ငွေကလည်းယိုင်နဲ့နဲ့ဖြစ်နေပြီ။ ဒါကြောင့် Film line ထဲ၀င်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲ။' လို့ဖြေထားပါတယ်။ 


Tanuja မှာ အတုယူစရာကောင်းတဲ့အချက်ကိုပြောရရင် သူ့အင်တာဗျုးမှာ​​ ' ကျွန်မဘ၀တစ်လျှောက်လုံး ရိုက်ခဲ့တဲ့ရုပ်ရှင်တွေ၊ အနုပညာဖြတ်သန်းပုံတွေကိုကြည့်ရင် အမြဲတမ်းကျေနပ်အားရတယ်။ နောင်တမရခဲ့ဖူးဘူး။'လို့ပြောခဲ့ဖူးပါတယ်။ သူတို့မိသားစုရဲ့အနုပညာမျိုးဆက်သုံးဆက်စလုံးဟာ Indian Film Imdustry မှာထင်ရှာပေါ်လွင်ခဲ့ပါတယ်။ Shobhana Samarth (1930s & 1940s), Nutan (1950s-1970s), Tanuja (1960s-1970s), Kajol & her sister (1990- till now) 


သူမရဲ့ career တစ်လျှောက်လုံး Sunil Dutt, Dharmendra, Dev Anand, Sanjeev Kumar, Rajesh Khanna စတဲ့ hero ပေါင်းစုံနဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်။ Bengali ရုပ်ရှင်လောကမှာလည်း ၀င်ရောက်ရိုက်ကူးခဲ့ပြီး သူ့ရဲ့နာမည်ကြီးဇာတ်ကားတွေ အများကြီးထွက်ခဲ့ပါတယ်။


ကျွန်တော်သဘောကျမိတဲ့ရုပ်ရှင်ကို ပြောရရင် Anubhav (1971) ပါ။ ဒီရုပ်ရှင်မှာ ဆန်းဆန်းပြားပြားတဲ့ရိုက်ကွက်တွေ၊ Background music ထက် ပြင်ပကအသံတွေကို အသားပေးထားတာမျိုးတွေ၊ တချို့ sceneတွေကိုယဥ်ကျေးအောင် ပြထားတာမျိုးတွေ လူတွေရဲ့တချို့တချို့သော အတွေးအမြင်တွေကို ပုံဖော်ထားပုံတွေ စတဲ့ထူးခြားချက်တွေပါ၀င်နေပြီး ခင်ဗျားတို့စကြည့်မယ်ဆိုရင် ဘယ်အရာနဲ့မှမတူတဲ့ vibe မျိုးရနိုင်မှာပါ။ ဇာတ်လမ်းက revolutionary ဆန်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ပရိသတ်ကိုဆွဲခေါ်သွားမှာပါ။ မလိုအပ်တဲ့အကတွေ၊ over dramatic အကွက်တွေလုံးဝမပါ၀င်ပါဘူး။
နောက်မကြာမီ ကျွန်တော်တို့ချန်နယ်မှာ မဖြစ်မနေတင်ပေးမှာပါခင်ဗျာ။


တစ်နည်းအားဖြင့်ပြောရရင် Tanuja ဟာ living legend တစ်ယောက်လည်းဖြစ်ပြီး precious gem လို့ပြောလဲမမှားပါဘူး။ သူ့ရဲ့ဘ၀မှာ အခြေအနေတွေကြောင့် career ကို ရုပ်ရှင်မင်းသမီးအနေနဲ့ ရွေးချယ်ခဲ့ရပေမယ့် သူ့ရဲ့ performance တွေ acting skill တွေကတော့ satisfying ဖြစ်စရာတွေပါပဲ။ 

မွေးနေ့ရှင်တွေနဲ့ပတ်သက်တဲ့ Post တွေ Article တွေ နောက်ကျမှတင်နိုင်တဲ့အတွက် subscriber များကို အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့အလုပ်လေးတွေနည်းနည်းများတော့ နောက်ကျမှ​ရေးဖြစ်တင်ဖြစ်လို့ပါဗျာ။

#RCCHANNELADMIN
#HAPPYBIRTHDAYTANUJAJI
#NUTAN
#SHOBHANASAMARTH
#HAMARIBETI


No comments:

Post a Comment

 Hai Apna Dil Toh Awaara (သို.မၽဟုတ်) ကျွန်တော်သၽတိပြုမိတဲ့ သီချင်းလေးတစ်ပုဒ်     ပဏာမပြောချင်တာက. . .  Hindi Cinema မှာ ဘယ်ခေတ်ပဲဖြစ်ဖြစ် ဟ...