Wednesday, September 29, 2021

Happy 92nd Birthday Lata Mangeshkar

 HAPPY BIRTHDAY LATA MANGESHKAR

(29/9/21)


Lata! Lata!
စက်တင်ဘာလ ၂၈ရက်နေ့က Indian Cinema ရဲ့ အထင်ကရ lengend singer ဖြစ်တဲ့ Lata Mangeshkar ရဲ့ ၉၂နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်နေသူများကို မေးခွန်းတစ်ခုလောက်မေးပါရစေ။ ဘယ်သူ့eraမှာပဲဖြစ်ဖြစ် Indian Cinema မှာ (အမီတာဘဂျမ်းခေတ်ပဲဖြစ်ဖြစ်၊၂၁ရာစုအစခန်းသုံးခန်းခေတ်ပဲဖြစ်ဖြစ်) Latajiရဲ့ လက်ကနေလွတ်မြောက်နိုင်မယ်ထင်ပါသလား။ အမှန်ကတော့မလွတ်ပါ။ ဒီခေတ်မှာလူကြိုက်များတဲ့ DDLJတို့  K3G တို့အထိမှာတောင်တစ်ပုဒ်မဟုတ်တစ်ပုဒ် Latajiနဲ့ပက်ပင်းတိုးမှာ အသေအချာပါပဲ။ 




Lataကို ၁၉၂၉ ခုနှစ် Indoreမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမမှာ မွေးချင်းမောင်နှမလေးယောက်ရှိပြီး Latajiက အကြီးဆုံးသမီးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ လွန်ခဲ့တဲ့တလောက အသက်၈၈နှစ်ပြည့်သွားတဲ့ Legendary Singer Asha Bhosleနဲ့ ညီအစ်မတော်စပ်ပါတယ်။ Ashaji ရဲ့Birthday Post ကို website မှာတင်ပေးထားပါတယ်။ Latajiရဲ့ဖခင်ဟာရိုးရာ (Indian Classical) အဆိုတော်ဖြစ်ပြီး Latajiဟာ ဖခင်လက်အောက်မှာပဲ ဂီတပညာအချို့ကိုလေ့လာသင်ယူခဲ့ပါတယ်။ အခြားအဆိုတော်ကြီးတွေဖြစ်တဲ့ Aman Ali Khanနဲ့ Amanant Khanတို့ဆီမှာလည်း လေ့လာဆည်းပူးခဲ့ပါတယ်။


Lataဟာ ငယ်ငယ်တုန်းက ပညာကောင်းကောင်းမသင်ခဲ့ရပါဘူး။ Lataဟာ အသက်၁၃နှစ်အရွယ်မှာ ကံမကောင်း အကြောင်းမလှစွာနဲ့ ဖခင်ဖြစ်သူဟာနှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။ ဒီတော့ Lata ဟာ မောင်နှမလေးယောက်စာ တာ၀န်ကိုပုခုံးပြောင်းယူခဲ့ရပါတော့တယ်။ ၁၉၄၂ခုနှစ်မှာထွက်ခဲ့တဲ့ Kiti Hasaal ဆိုတဲ့Marathi စကားပြောရုပ်ရှင်မှာ သူ့ဘ၀မှာပထမဆုံးအနေနဲ့ playback singer အဖြစ်ရုပ်ရှင်လောကထဲကိုစတင်၀င်ရောက်ခဲ့ပါတယ်။


နောက်တော့ ၁၉၄၅လောက်ထိသီချင်းဆိုရင်းရုပ်ရှင်တွေရဲ့scene တချို့မှာsmall roleအနေနဲ့ပါ၀င်ခဲ့ရင်း၁၉၄၀ခုနှစ်တ၀ိုက်မှာ ကျင်လည်တဲ့နာမည်ကြီး Music Director Ghulam Haider က Latajiရဲ့ အသံချိုချိုလေးကို သတိထားမိသွားပြီး Filmistan Studio တည်ထောင်သူ Sashadhar Mukherjee ဆီ ခေါ်သွားပါတော့တယ်။ ဒါပေမဲ့ Mukherjeeဟာ' ဒီကလေးမလေးက ထင်သလောက်အရည်အချင်းမရှိဘူး။' လို့ပြောခဲ့ပါတယ်။ သို့ပေမယ့် Ghulam Haider ကတော့ ရှေ့​ဖြစ်လာမှာကိုကြိုမြင်တဲ့ဟန်နဲ့ ဒီကလေးမလေးကို Indian Film Industry တခုလုံးက သူ့အတွက်အရံသင့်လမ်းခင်းထားသလို ဖိတ်ခေါ်သီဆိုခိုင်းရလိမ့်မယ်လို့ ချက်ချင်းကိုပြန်ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၄၉ခုနှစ်မှာထွက်တဲ့ Majboor ဆိုတဲ့ရုပ်ရှင်ကားမှာ Lataji အတွက် A Big Break ရရှိသွားခဲ့ပါတယ်။


နောက်တဖြည်းဖြည်းနဲ့ Indin Cinema ရဲ့ဒိတ်ဒိတ်ကြဲစတားတွေဖြစ်တဲ့ Madhubala, Nargis, Nutan, Waheeda Rehman, Kalpana Kartik, Bina Rai, Sadhana, Asha Parekh စသဖြင့် တခြားစတားတွေအထိတိုးပေါက်လာတာ 50s 60s 70s 80s အထိမရပ်တန်းပါပဲ။ Lataji ဟာ Hindi Cinema မှာအများဆုံးဇောက်ချလုပ်ကိုင်ခဲ့ပေမယ့် အခြားသော Bengali Cinema အပါအ၀င် ပြောရရင်ဘာသာစကား အမျိုးနှသ်ဆယ်လောက်ထိ သီဆိုခဲ့ဖူးပါတယ်။ Lataji မှာ ၁၉၄၀မှ ၁၉၇၀အထိတင် သီဆိုခဲ့တဲ့သီချင်းပေါင်း  ၂၅၀၀၀ထက်မနည်း ရှိသွားခဲ့ပါပြီ။ ဒါကြောင့် ၁၉၇၄မှာပဲ The Guiness Book of Records မှာ The Most Recorded Singer အဖြစ်စံချိန်တင်သွားခဲ့တာပါ။ 


စာဖတ်သူတွေသတိထားမိကြမဲ့ Lataji ရဲ့သီချင်းတစ်ပုဒ်ကိုပြောရရင် Mughal-E-Azam (1960) က 'Pyar Kiya Toh Daana Kya' ဆိုတဲ့သီချင်းပါ။ ဒီသီချင်းမှာဆိုရင် Indian Classical Music နဲ့ Choreography ကို တကယ့်အသားပေး လုပ်ထားတာတွေ့ရမှာပါ။ သီချင်းမှာ နာကျည်းကြေကွဲနေတဲ့ဟန်မှာမှ ဒီလိုလူတစ်ယောက်က တစ်ယောက်အပေါ် မေတ္တာသက်၀င်မိတာ အပြစ်လားဆိုတဲ့သဘောနဲ့ လောကကြီးကို စိန်ခေါ်လိုတဲ့ဟန်နဲ့ သီဆိုထားတာဖြစ်ပြီး တစ်ခါတစ်ခါမှာ တောင်းပန်တိုးလျှိုးနေသလိုဟန်မျိုးဖြစ်ပြီး သီချင်းရဲ့ထောင့်တိုင်းထောင့်တိုင်း ဟန်တိုင်းဟန်တိုင်းမှာ ထည့်ထားတဲ့ အသံတွေ Latajiရဲ့ သီဆိုလိုက်တဲ့ မိနစ်တိုင်းစက္ကန့်တိုင်းမှာ နာကျင်မှုတွေကြားက ရဲရဲ၀င့်၀င့်စိန်ခေါ် ဟန်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် South Indian Classical Beats တွေ Madhubala ရဲ့ astonishing ဖြစ်စရာ performanceတွေ ဟန်တွေ Choreograph တွေ (အရှေ့ပိုင်းအစချီတဲ့နေရာမှာ) ကိုထည်ထည်၀ါ၀ါနဲ့ အသုံးပြုထားတာကို တွေ့ရမှာဖြစ်ပါတယ်။ Music Director Nurshad ရဲ့ အံ့သြဖွယ် creativity ကိုတွေ့ရမှာဖြစ်ပြီး တကယ့် Classic အနှစ်တွေမှ နားထောင်ချင်တဲ့သူတွေအတွက် ဆိုရင် ဒီသီချင်းကို recommand ပေးမိမှာပါ။


Lataji ရဲ့ အောင်မြင်မှုနဲ့ career ခရီးတလျှောက်ကိုပြောရရင် Lataji ဟာ ၁၉၅၀မှာစတင်ချီးမြှင့်ခဲ့တဲ့ FilmFare ဆုကိုလေးကြိမ်တိတိချီးမြှင့်ခြင်းခံထားရပါတယ်။ အဲဒီနောက်ပိုင်း ၁၉၆၉ခုနှစ်မှာ Filmfare Award နဲ့သက်ဆိုင်ရာ အဖွဲ့၀င်တွေထံမေတ္တာရပ်ခံစာတစ်စောင်ပို့ခဲ့ပါတယ်။ စာထဲမှာတော့ ' နောက်လာမယ့် မျိုးဆက်သစ်ကလေးတွေကို ထောက်ထားရှုမြင်သောအားဖြင့် သူ့ကိုစကာတင်စာရင်းထဲတောင် မထည့်ဖို့' ရေးသားတောင်းဆိုခဲ့ပါတယ်။Lataji ဟာ အိန္ဒိအစိုးရက ချီးမြှင့်တဲNational Awardဆု၊ ၂၀၀၇ခုနှစ်မှာ ပြင်သစ်နိုင်ငံကပေးအပ်တဲ့ Highest Civilian Award နဲ့ ၁၉၈၉ခုနှစ်မှာပေးအပ်ခံခဲ့ရတဲ့ Dadasaheb Phalke Award တို့ကိုရရှိထားပါတယ်။ Madhya Pradesh ရဲ့ ပြည်နယ်အစိုးရနဲ့ Maharashtra အစိုးရတို့က Lataji ကိုဂုဏ်ပြုသောအားဖြင့် The Lata Mangeshkar Award ဆိုပြီး ခေါ်တွင်ပေးအပ်ခဲ့ပါတယ်။ 


Lataji ဟာ 40s 50s 60s စတဲ့ Indian Cinema ရဲ့ golden era ကိုတစ်၀ကြီးဖြတ်သန်းလာရတဲ့သူဖြစ်ပြီး Legendary Music Director တွေဖြစ်ကြတဲ့ S.D.Burman, Nurshad, Shankar-Jaikishan တို့နဲ့အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။ ရုပ်ရှင်တကားမှာ ဇာတ်၀င်တေးဆိုတာဟာ အင်မတန်အရေးပါပြီး ရုပ်ရှင်ရဲ့ ဇာတ်သွားဇာတ်လာမှာ သူနဲ့ဆိုင်ရာဆိုင်ရာ ဟန်တွေ emotion တွေကိုထည့်သွင်းပုံဖော်တတ်ပါမှအဆင်ပြေမှာပါ။ Lataji ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ emotion ပေါင်းစုံအသံနဲ့ဟန်ပေါင်းစုံကို လိုသလိုပုံဖော်သီဆိုနိုင်ပါတယ်။ 


Indian Film Industry 40s 50s 60s 70s အမျိုးသမီး playback နေရာတော်တော်များများကို Lataji နဲ့ Asha တို့ပဲသိမ်းပိုက်ထားခဲ့တာဖြစ်ပါတယ်။ ဒီတော့ Nightingale of India ရဲ့သီချင်းနှစ်ပုဒ်ကို Music Channel မှာတင်ပေးဖို့ရှိပါတယ်။ သီချင်းနှစ်ပုဒ်ကိုနားထောင်ပြီး Lataji ဟာ သီချင်းတစ်ပုဒ်ကိုဘယ်လိုပုံဖော်သီဆိုနိုင်လဲဆိုတာ သုံးသပ်ကြည့်ဖို့ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။

No comments:

Post a Comment

 Hai Apna Dil Toh Awaara (သို.မၽဟုတ်) ကျွန်တော်သၽတိပြုမိတဲ့ သီချင်းလေးတစ်ပုဒ်     ပဏာမပြောချင်တာက. . .  Hindi Cinema မှာ ဘယ်ခေတ်ပဲဖြစ်ဖြစ် ဟ...